This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 13, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၅ ၊ ၂၀၁၉ ၊ ဇွန်လ(၁၆-၃၀)ရက်ထွက် ဂျာနယ်ကို ဇွန်လ ၁၅ ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။


မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၅ ၊ ၂၀၁၉ ၊ ဇွန်လ(၁၆-၃၀)ရက်ထွက် ဂျာနယ်ကို ဇွန်လ ၁၅ ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
အယ်ဒီတာချုပ်ရုံး ။ အမှတ်(၇)၊ တ.စ.ည ဆိုင်တိုက်ခန်း၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562/?epa=SEARCH_BOX
Pages : Myaylatt daily /

Sunday, June 9, 2019

တရားဝင်ဇနီး/ခင်ပွန်းရှိပါလျှက် အိမ်ထောင်ရေး ဖောက်ပြန်သူအရေးယူ


မြို့သစ်       ဇွန်(၉)
     မကွေးတိုင်းဒေသကြီးမြို့သစ်မြို့တွင်တရား
ဝင်ဇနီးခင်ပွန်းရှိပါလျှက်အိမ်ထောင်ရေးဖောက်ပြန်သူဇနီသည်နှင့်ခိုးယူပေါင်းသင်းသူအားအရေးယူပေးပါရန်မြို့သစ်မြို့မရဲစခန်းသို့လာရောက်သတင်းပေးတိုင်တန်းမှုယမန်နေ့ကဖြစ်ပွါးခဲ့ကြောင်းသိရသည်။

    ""မြို့သစ်မြို့လယ်ပြင်ရပ်ကွက်နေသန်းဇော်ဦးလယ်ပြင်ရပ်ပတ္တမြားလမ်းနေသူမမိုးသီတာအောင်(အဖဦးမြင့်အောင်၏သမီးနှင့်မြန်မာ့ဓလေ့
ထုံးတမ်းအစဉ်အလာနှင့်အညီအကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ပြီးသားသမီး(၃)ဦးထွန်းကားပြီးသန်းဇော်ဦးသည်မိသားစုစားဝတ်နေရေးအတွက်လွန်ခဲ့သော(၅)နှစ်ခန့်ကရန်ကုန်တိုင်းဒေသကြီး။သာကေတမြို့နယ်ရှိ{ရှုခင်းသာပန်းခြံ}တွ င် လခစားဝန်ထမ်းအဖြစ်သွားရောက်လုပ်ကိုင်ကာရရှိသည့်လခငွေအားလစဉ်မြို့သစ်မြို့ရှိမိသားစုများထံပုံမှန်လွှဲပြောင်းထောက်ပံ့ပေးအပ်ကြောင်း။လွန်ခဲ့သော(၂)နှစ်ခန့်ကစ၍၄င်း၏နီးမမိုးသီတာအောင်သည်မုံရွာမြို့နေကိုဝင်းမြင့်အောင်{ကားဘောဒီပြုပြင်ရေး}လုပ်ငန်းလုပ်ကိုင်သူနှင့်အိမ်ထောင်ရေးဖောက်ပြန်နေကြောင်း။ကိုဝင်းမြင့်အောင်မှာမုံရွာမြို့တွင်မဝက်ကြီးခေါ်တရားဝင်ဇနီးနှင့်မကြူကြူသင်းခေါ်သမီးတစ်ဦးရှိကြောင်းနှင့်ယခုလက်ရှိပေါင်းသင်းနေထိုင်သည့်အိမ်ထောင်စုဝင်တစ်ဦးဖြစ်ကြောင်းစုံစမ်းသိရသည်။ 

   ကိုဝင်းမြင့်အောင်သည်မြို့သစ်သို့လွန်ခဲ့သော
မေလ(၁၈)ရက်နေ့ခန့်ကပြန်လည်ရောက်လာပြီးမသီတာအောင်ကိုခိုးယူထွက်ပြေးကာမုံရွာမြို့ပေါ်တွင်အကြင်လင်မယာအဖြစ်ပေါင်းသင်းနေထိုင်ကြောင်းကိုမမိုးသီတာအောင်၏ဖခင်ဖြစ်သူဦးမြင့်အောင်မှသားသမတ်ဖြစ်သူသန်းဇော်ဦးထံသို့ဖုန်းဆက်ပြောပြသိရကြောင်းသိရသည်။

      ဖြစ်စဉ်နှင့်ပတ်သက်၍သန်းဇော်ဦးမှတရား
ဝင်အိမ်ထောင်ဇနီးခင်ပွန်းရှိပါလျှက်အိမ်ထောင်
ရေးဖောက်ပြန်ပြီးအကြင်လင်မယာအဖြစ်ခိုးယူပေါင်းသင်းနေထိုင်ကြသည့်ကိုဝင်းမြင့်အောင်နှင့်မမိုးသီတာအောင်တို့အားဥပဒေအရအရေးယူပေးပါရန်၂၀၁၉ခုနှစ်။ဇွန်လ(၇)ရက်နေ့(၂၃း၃၀)နာရီအချိန်ရဲစခန်းသို့လာရောက်သတင်းပေးတိုင်တန်းသဖြင့်မြို့သစ်မြို့မရဲစခန်းမှအမှုရေးဖွင့်ပြီးဒုရဲအုပ်အောင်ကိုကိုမှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
========================
သန်းဝင်းထွန်း ( ပြန်/ဆက် )

Saturday, June 8, 2019

ဆိပ်ဖြူမြို့နယ်တွင် စိုက်ပျိုးရေးပံ့ပိုးပစ္စည်းများပေးအပ်


ဆိပ်ဖြူ     ဇွန်   
          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးစပါးစံပြ ကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးမည့်တောင်သူများနှင့်အကျိုးဆောင်တောင်သူများအား မျိုးသန့်စပါးမျိုးနှင့် ဓာတ်မြေသြ ဇာ ပံ့ပိုးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ဇွန် လ ၇ ရက် နံနက် (၉) နာရီအချိန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
          အဆိုပါအခမ်းအနားတွင် ပခုက္ကူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက အမှာစကားပြောကြားခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က မျိုးကောင်းမျိုးသန့်သီးနှံများရွေးချယ်စိုက်ကြရန် အသီးသီးပြောကြားကြပြီး ကျေးရွာ(၈)ရွာရှိ တောင်သူများအတွက် ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးစပါးစံပြကွက်၊(၁၂၀)ဧက၊ စမ်းသပ်ကွက်စိုက်ပျိုးမည့် တောင်သူများနှင့် အကျိုးဆောင်တောင်သူများအား မျိုးသန့်စပါးမျိုး ဆင်းသုခ (၁၅၀)တင်း၊ မနောသုခ (၅၀)တင်း၊ ထိုင်းနှံကောက်(၁၁၈)တင်း စုစုပေါင်း(၃၁၈)တင်းနှင့် ယူရီးယား(50 kg) ဓာတ်မြေသြဇာ(၇၅)အိတ်တို့အား တောင်သူများလက်ဝယ် အသီး သီး ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းနိုင်က မျိုးကောင်းမျိုးသန့်သီးနှံများကို စိုက်ပျိုးရေး၊ ဓာတုဆေးဝါးများကို အလွန်အကျွံမသုံးစွဲရေးနှင့် နိုင်ငံတကာသီးနှံဈေးကွက်စနစ်အကြောင်းများကို နိဂုံးချုပ်ရှင်းလင်း ပြောကြားကြောင်း သိရှိရသည်။
 ကိုမျိုး(ယောဧရာ)

ဂန့်ဂေါမြို့နယ် ကန်ရွာ မူလတန်း(လွန်) ကျောင်းတွင် ကျောင်းဆောင် ဆောက်လုပ်လှူဒါန်း


ဂန့်ဂေါ ဇွန် ၈
          ဂန့်ဂေါမြို့နယ် ကန်ရွာနေ ဦးသက်စိုးထိုက် နှင့် ဆရာမဒေါ်ဆွေဆွေဝင်း မိသားစုက ကန်ရွာ မူလတန်း (လွန်) ကျောင်းတွင် စာသင်ကျောင်းဆောင် တစ်ဆောင်ဆောက်လုပ်လှူဒါန်းထားရာ ကျောင်းဆောင်ဖွင့်ပွဲ နှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲတို့ကို ဇွန် ၈ နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်၌ ပြုလုပ် သည်။

            ကျောင်းဆောင်မှာ အလျား ၃၀ ပေ၊ ၅ လက္မ၊ အနံ ၂၅ ပေ ၃ လက္မ၊ အမြင့် ၁၂ ပေရှိ၍ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကြမ်းခင်း ဖြင့် ဆောက်လုပ်ထားကာ ငွေကျပ် ၆၅၅၆၃၀၀ ကျပ် တန်ဖိုးရှိသည်။
          အဆိုပါ ကျောင်းတွင် ကျောင်းသားအင်အားနှင့် ကျောင်းဆောင်မလုံလောက်သည့်အတွက် ကျောင်း ဆောင်လှူဒါန်းသည်ကို အထူးကျေးဇူးတင်ဝမ်းသာကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်လင်းက ပြောသည်။
တောင်သားမောင်သန်း

အဂတိမှဆွဲစိပြန်ပြီ လိုင်စင်မဲ့ ရေနံတူးသူများထံမှ ငွေကြေးတောင်းခံခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)အပါအဝင် လေးဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ


နေပြည်တော် ဇွန်လ ၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေး ကောက်ခံ ရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်း ဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းသည် ငွေကျပ် ၈၈,၅၀,၀၀ဝိ/ကိုလည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) သည် ငွေကျပ် ၁၇,၆၀,၀၀ဝိ/- ကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦး သည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ငွေကျပ် ၇၇၁,၄၉,၈၀ဝိ/- ကို လည်းကောင်း၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်(ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်)သည် ငွေကျပ် ၄,၅၀,၀၀ဝိ/- ကိုလည်းကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ခြင်း သည် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မရဲစခန်းတွင် ၇-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

credit ဦးကျော်မင်း is with Winmyint Ohn and 3 others.
1 hr

Sunday, June 2, 2019

အညာမြေမှာဆင်ကာနွဲ နွားပြိုင်တဲ့ပွဲ



စလင်း၊ ဇွန် ၁
          ယခင်အထက်တန်းဆင့် ပင်ရင်းမြန်မာစာပြဌာန်းစာအုပ်တွင် စာရေးဆရာသိပ္ပံမောင်ဝ ရေးသား သည့် “အညာဘုရားပွဲ”ဆောင်းပါးပါဘုရားသည် စလင်းမြို့ရှိ “ကုသိနာရာမရှင်ပင်ရွှေပြည်အေး” ဘုရား ပွဲတော်အကြောင်းရေးသားထားခြင်းဖြစ်သည်။ဘုရားပွဲတော်ကို နှစ်စဉ်ကဆုန်လပြည်နေ့မှ နယုန်လပြည်နေ့ အထိကျင်းပလျှက်ရှိပြီးဒေသတွင်းပျော်ပွဲရွှင်ပွဲအဖြစ် နွားပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသည်။ စလင်း မြို့နယ် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းတွင်တည်ရှိပြီး မိုးနည်းပြီး ခြောက်သွေ့သည်ကများ၏။ မြစ်ချောင်း၊ တူးမြောင်း၊ ဆည်တမံများမှ ရေကိုသာအားကိုးစိုက်ပျိုးကြသည်။ အညာဒေသသည်ပူပြင်းပြီး အပူဒဏ်ခံနိုင်သော နွားများကိုသာလယ်ယာလုပ်ငန်းခွင်နှင့်အံဝင်ခွင်ကျဖြစ်နေ ပေသည်။ ခေတ်မှီစက်ကိရိယာများအသုံးပြုနေပြီဖြစ်သော်လည်း ရှေးအစဉ်အဆက် မိရိုးဖလာသုံးစွဲခဲ့သော နွားများကိုပစ်ပယ်လို့မရသေးပေ။ ထိုကြောင့် အညာဒေသတွင်နွားများကိုသာ အဓိကထားမွေးမြူကြသည်။

          တောင်သူဦးကြီးများအနေဖြင့်မိမိတို့ခိုင်းနွားများကို နွေအကုန်မိုးအကူး မိုးဦးမကျခင်မိုးစပါးအတွက် လယ်ယာလုပ်ငန်းခွင်မဝင်မှီ အားလပ်လျှက်ရှိရာ တိုက်ဆိုင်စွာကျင်းပလျှက်ရှိသော ဘုရားပွဲတွင် ရိုးရာယဉ် ကျေးမှုမပပျောက်စေရန် နွားများ၏စွမ်းရည် နွားမောင်းသူ၏စွမ်းရည် နွားကောင်းများ၏ ကြန်အင်လဏ္ခာနှင့် နွား၏ အဝအလှပြသရန် နွားလှည်းယာဉ်နှင့် နွားအလှပြိုင်ပွဲကိုထည့်သွင်းကျင်းပခြင်းဖြစ်သည်။ နွားရှင်များ သူ့နွားကိုယ့်နွားပြိုင်ကြသည်။ “ငါ့နွားက ကြံစုံဟေ့ … ကြိမ်တံမြှောက်ရင် တိမ်ယံဖောက်မဲ့နွားဟေ့” “မင်းနွားက နွားပြာနီ ဒူးမဲ… ဆူးလှည်းတောင်မရုန်းနိုင်တဲ့နွား” စသည်ဖြင့် တစ်ဦးနှင့်တစ်ဦးချစ်ကြည် ရင်းနှီးစွာ အရွှင်းဖောက် ပြိုင်ဆိုင်ကြသည်။

          ယခုအခါ နွားအလှပြိုင်ပွဲစည်းကမ်းအရ နွားအကြီး၊ အငယ် အလှပြေးပြိုင်ပွဲ၊ လှည်းယာဉ်မောင်း ပြိုင်ပွဲ၊ တစ်ကောင်ခြင်း လှည်းတပ်၍ သမင်ပြေး၊ ရှဉ်းစုံအတိုင်နွား သမင်ပြေး၊ အလှည့်နွား စကျပြေး သတ်မှတ်၍ ခြေမချိုး၊ လက်မချိုး၊ သုံးချောင်းထောက်၊ ကဆုန်ထိုး၊ ဝဲပြန်ကြ၊ ကြက်ပြေးစသည့်ဖြင့် ပြိုင်ကြပြီး ဇရစ်ခုန်မပါရ ပါလျှင်ပြစ်မှတ်ပေးသည်။ လမ်းကူး တိုင်တိုး ကြိုးကျ နှင်တံကျမဖြစ်စေရ ဖြစ်လျှင် အရှုံးပေးရသည်။
          နွားပြိုင်ပွဲဒိုင်အဖွဲ့မှပြောကြားရာတွင် “ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုပြန်လည်ဖော်ထုတ်ရန်၊ တောင်သူ ဦးကြီးများနှင့် ပွဲတော်လာပြည်သူများပျော်ပွဲရွှင်ပွဲဖြစ်စေရန် ဘုရားပွဲတောစည်းကားပြီး ဈေးရောင်းဈေးဝယ် ကောင်းစေရန်ရည်ရွယ်၍” ကျင်းပခြင်းဖြစ်ကြောင်း ပြောသည်။
စိုးမိုးသူ (စလင်း)

ကရာတေးဒိုပြိုင်ပွဲတွင် ဆုရရှိသူ ပုပ္ပကိုင်းကျေးရွာသူတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်



ဆော ဇွန် ၁
          ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်(မြို့ဟောင်း) ဒေသ ပုပ္ပကိုင်းကျေးရွာသူ မသက်ဖူးဝေ သည် ကရာတေးပြိုင်ပွဲများတွင် ဆုများရရှိသည်အထိ ကစားနိုင်ခဲ့သဖြင့် ပုပ္ပကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် အရှင်ခေမာစာရ က ယမန်နေ့တွင် ဂုဏ်ပြုဆုချီးမြှင့်သည်။

          မသက်ဖူးဝေ သည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းသူတစ်ဦးဖြစ်ပြီး ၁၀ တန်း စာမေးပွဲကို ဖြေဆိုထားသူတစ်ဦးလည်းဖြစ်ကာ မန္တလေးမြို့ အားကစားနှင့်ကာယပညာသိပ္ပံ ရတနာသီရိကွင်း (တောင်ဘက်) တွင်ကျင်းပခဲ့သည့် ကရာတေးဒိုပြိုင်ပွဲတွင် အနိုင်ရသည့်အတွက် ရွှေတံဆိပ် ရရှိခဲ့ကြောင်း သိရသည်။
          “ ကျွန်မအနေနဲ့ ကရာတေးဒိုပညာကို ၂၀၁၄ ခုနှစ်ကစပြီး သင်ကြားလေ့ကျင့်ခဲ့တာပါ၊  ပြည်တွင်းပွဲတွေ အပြင် ဂျပန်နိုင်ငံမှာလဲ ပြိုင်ပွဲဝင်ခဲ့ပါတယ်၊ ရပြီးခဲ့တဲ့ ဆုတွေကတော့ ကြေးတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ရွှေတံဆိပ် ၁ ခုတို့ဖြစ်ပါတယ်၊ ကရာတေးဒိုပညာကို ပိုမိုကြိုးစားသင်ယူလေ့ကျင့်ပြီး အောင်မြင်မှုနှင့်အတူ မိဘ ဆွေမျိုးများ၊ ဆရာသမားများ၊ ဇာတိရွာ၊ မြို့နယ်နဲ့ ယောဒေသကို ကျေးဇူးဆပ်လိုပါတယ် “ ဟု မသက်ဖူးဝေ ကပြောသည်။
          ယခုအခါတွင် မသက်ဖူးဝေသည် မိဘများဖြစ်သည့် ဦးခင်မောင်ရီ၊ ဒေါ်ခင်မြင့်ချို ၊ မောင်လေး မောင်ရှိန်းထက်ကို တို့နှင့်အတူ ပုပ္ပကိုင်း ကျေးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း