This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 24, 2021

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၁၉ ၊ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်နေ့ ထုတ် ဂျာနယ်ကို ၂၀၂၁ ဇန်နဝါရီလ (၃၁) ရက် တွင် ထုတ်ဝေဖြန့်ချိပေးပြီး ယာယီ ရပ်နားထားပါမည်။


 


 မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၁၉ ၊  ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက်နေ့ ထုတ် ဂျာနယ်ကို    ၂၀၂၁ ဇန်နဝါရီလ (၃၁) ရက် တွင် ထုတ်ဝေဖြန့်ချိပေးပြီး ယာယီ ရပ်နားထားပါမည်။

နယ်ပို့ဆောင်ရေးအတွက် အခက်အခဲများကြောင့်သာ ယာယီ ရပ်နားထားခြင်းဖြစ်ပါသည်။ မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၂၀ ကို ဆက်လက် ပြန်လည်ထွက်ရှိလျှင် ကြိုတင်ကြေညာပေးပါမည်။

                                                                                        ရွှေလမ်းငွေလမ်းဝင်းကြည်

                                                                                            အယ်ဒီတာချုပ်

                                                                                            မြေလတ်ဂျာနယ်

                        မကွေးမြို့။ ဖုန်း ၀၉- ၄၄၀၂၂၅၁၀၀ ၊  ၇၉၄၅၇၅၀၇၀ ၊ ၉၇၄၈၃၀၃၁၄ ၊ ၆၉၄၆၂၂၈၀၈



Sunday, February 21, 2021

စလင်းမြို့နယ်တွင် သောက်သုံးရေဖူလုံစေရေး ရန်ပုံငွေကျပ် ၁၄ ဒသမ ၈ သန်း အသုံးပြုပြီး စက်ရေတွင်းတူးဖော်

 




စလင်း ဖေဖော်ဝါရီ  ၅
===========================

မကွေးတိုင်းဒေသကြီး၊  စလင်းမြို့နယ်၊ မြင်းခင်းသာကျေးရွာရှိ  ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကျပ် ၁၄ ဒသမ ၈ သန်း အသုံးပြုပြီး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနက သိရသည်။


​မြင်းခင်းသာကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် အနက်ပေ ၅၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းတို့ကို စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်ဂျင်နီယာများ စုဖွဲ့မှုဖြင့် ဆောင်ရွက်လျက်ရှိရာ  ယခုအခါ စက်ရေတွင်းတူးဖော်ပြီးစီကာ ရေထွက်နှုန်း တစ်နာရီလျှင် ဂါလံ ၁၂၀၀ ထွက်ရှိပြီး ကျန်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိရာ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ခြေ ၅၇ ၊ လူဦးရေ ၂၃၀ ဦးအား အကျိုးပြုသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  က သိရသည်။

"ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။ နွေရာသီကာလ သောက်သုံးရေ  ရှားပါးနိုင်တဲ့ကျေးရွာတွေကို   ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှုမရှိစေရေး ကျေးရွာပြည်သူများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင် က ပြောပြသည်။

သူရိန်(DRD)