Thursday, December 17, 2020

မကွေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ကျေးရွာ (၁၄ )ရွာ၌ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်မည်

မ၇ ရက်

 မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄ )ရွာကို ၂၀၂၀-၂၀၂၀၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း (၁၄၀၀ )၊ ပြည်သူထည့် ဝင်ငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး ထံက သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလို အပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါ စီမံချက်များကို မြို့နယ်စီမံကိန်းရေး ဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေး ဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။



" ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက် လုပ်ငန်း တွေဖော်ထုတ်ပါတယ်၊ အဲဒီစီမံချက်လုပ်ငန်း တွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်မတို့ ဦးစီးဌာနက ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ ငွေထည့်ဝင်မှု လုပ်အားထည့်ဝင်မှု ှတွေနဲ့ စတင်ဆောင်ရွက်ပေးပါတယ်၊  ကျန်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်အဆင့် ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့စီမံကိန်း တစ်ခု ဖြစ်ပါတယ် လို့ "  မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြသည်။

မကွေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် လျောင်းတော်ဦး၊ ရွာသစ်ကြီး၊ ကန်တော်၊ သပြေရင်၊ အလယ်ဘို၊ ဆားတိုင်ကန်၊ သင်္ဘောဆိပ်၊ အလယ်ချောင်း၊ မိကျောင်းရဲ၊ ဘုရားပြို(တောင်)၊ အင်းဦး၊ ကုန်းကြီး၊ အင်းပု၊ သမန်းတော(မြောက်) စသည့် ကျေးရွာ ၁၄ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၁၄၀၀ ၊ ကျေးရွာပြည်သူတွေရဲ့ ထည့်ဝင်ငွေများ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ စီမံကိန်းမိတ်ဆက်ရှင်း လင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သတင်း ဓာတ်ပုံ သန်းလွင်(မကွေး)


0 comments:

Post a Comment