Monday, December 14, 2020

ကြက်တိုက်လောင်းကစားပြုလုပ်နေမှုကို သွားရောက်ဖမ်းဆီးရာမှာ  ဆိုင်ကယ်(၂၈)စီး သိမ်းဆည်းရမိ ကြက်တိုက်လောင်းကစားပြုလုပ် နေသူများထွက်ပြေးသွားသဖြင့်  ဖမ်းမိခြင်း မရှိဟုဆို

မြို့သစ် ဒီဇင်ဘာလ ၁၂ ရက်

မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာအုပ်စု ပေကံကုန်းကျေးရွာ အနောက်တောင်ဘက် ယာခင်းထဲမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ကြက်တိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားချက် အရ သွားရောက်ဖမ်းဆီးရာမှာ ကြ က် တိုက်လောင်းကစားပြုလုပ်သူများ၏
 ဆိုင်ကယ်(၂၈)စီး သိမ်းဆည်းရမိခဲ့သော်လည်း  ကြက်တိုက်လောင်းကစားပြုလုပ် နေသူများ ထွက်ပြေးသွားသဖြင့်  ဖမ်းမိခြင်း မရှိကြောင်း မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကပြောသည်။

သတင်းပေးချက်အရသွားရောက်ဖမ်းဆီးရာတွင် မြို့သစ် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခေါင်းဆောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးမှူး၊တပ်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးနှင့် အရပ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများလိုက်ပါခဲ့ ကြောင်းသိရသည်။

"လူတော့ မမိလိုက်ဖူး ကျွန်တော်တို့ရောက်တဲ့ အချိန် ထွက်ပြေးသွားကြတာ ဆိုင်ကယ် ၂၈ သိမ်းဆည်းရမိတဲ့အတွက် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်ဟု မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးကပြောသည်။

ကိုဗစ်ကာလကြီးမှာပြည်သူတွေစားဝတ်နေရေး အခတ်အခဲဖြစ်နေချိန်မှာ လောင်းကစားတွေ ပပြောက်စေချင်တယ် အဲ့ဒါကြောင့် ပြည်သူ တစ်ဦးသတင်းပေးမှုအပေါ် ချက်ခြင်းအရေးယူ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ဟု ၎င်းကပြော သည်။

ယင်းကိစ္စနှင့်ပါတ်သတ်၍ ရဲတပ်ဖွဲ့မှ လုပ်ထုံး လုပ်နည်းများအတိုင်း စီစစ်ဖော်ထုတ်သွားမှာ ဖြစ်ကြောင်းသိရသည်။

သတင်း ဇာမဏီ


0 comments:

Post a Comment