Tuesday, December 15, 2020

ပွင့်ဖြူမြို့နယ်တွင် မသန်စွမ်းအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ကျင်းပ 

ပွင့်ဖြူမြို့နယ်တွင် မသန်စွမ်းအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ကျင်းပ 

ပွင့်ဖြူ      ဒီဇင်ဘာ       ၁၅

 ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မသန်စွမ်းအခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် မသန်စွမ်းအခွင့် အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက် ၊ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး Community Centre ခန်းမ၌ ကျင်းပသည်။ 

အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေးရုံးခွဲ)မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ဇွန်ပွင့်ဖြူ က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မသန်စွမ်းသူအခွင့်အရေးများနှင့် ပတ်သက်ပြီး အသိပညာတိုးပွားရေး အတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရည်ရွယ်ချက်များ ၊ မသန်စွမ်း သူများနှင့် ပတ်သက်ပြီး အကူအညီရယူလိုပါက ချိတ်ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများ ၊ အရေးယူနိုင်သည့် ဉပဒေ ၊ နည်းဉပဒေများ ၊ ကိုဗစ် - ၁၉ ကာလတွင် မသန်စွမ်းသူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမှု အခြေအနေများ ၊ မသန်စွမ်းသူများ ဘေးကင်းလုံခြုံရေးအတွက် လိုက်နာရမည့်ဆောင်ရန်ရှောင်ရန်များကို ကဏ္ဍစုံလင်စွာ အသိပညာပေးဆွေးနွေးခဲ့သည်။



ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကာလ ပြည်သူများ စာပေအသိ ပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ယခုလို အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်ခြင်းများကို အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှု ပြုပေးလျက် ရှိသည့်အပြင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းနှင့် နံရံကပ်စာစောင် ၊ ဓာတ်ပုံပြပွဲများ ပြုလုပ်ပြသခြင်း ၊ သုတရသ စာအုပ်အညွှန်း မိတ်ဆက်ခြင်း ၊  စာဖတ်အညွှန်းမိတ်ဆက်ခြင်း ၊ စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်း ၊ ကဗျာရွတ် ဆိုခြင်း အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းများကို ဝန်ဆောင်မှုပြုပေးလျက်ရှိကြောင်းပွင့်ဖြူမြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ထံက သိရသည်။ 

သတင်း/ဓာတ်ပုံ ရဲဝင်းနိုင် ( ညောင်ဦး )


0 comments:

Post a Comment