Tuesday, December 15, 2020

မင်းဘူး(စကု)မြို့နယ်တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ 
ရောင်းချနေမှု ရှိ/မရှိ လိုက်လံစစ်ဆေး

မင်းဘူး ဒီဇင်ဘာ ၁၅
 
 မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိကို  ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများ က လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။




ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်စားသုံးရေးရာဦးစီးဌာနတို့မှ စစ်ဆေးရေးအဖွဲ့ဝင်များက A အဆင့် သတ်မှတ် ထားသော စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင်များအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင်ကာကွယ် တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။



မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်ပေါင်း (၁၀၆) ဆိုင် ရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင်ကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင် ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး အဆိုပါစားသောက်ဆိုင်များအားလုံး သတ်မှတ်စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက် ရောင်းချမှုရှိစေရန် အပတ်စဉ် ရှောင်တခင်စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)


0 comments:

Post a Comment