မြေလတ်ဒေသအတွင်းမှ ထူးခြား သတင်းများကို ဖိတ်ခေါ်အပ်ပါသည်။ myaylatmedia@gmail.com
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
ပွင့်ဖြူမြို့နယ်၌ ဘူးသီးနှံစိုက်ပျိုးတောင်သူများ အသီးဈေးထက် အညွန့်ဈေးကောင်း၍ လုပ်ငန်းအဆင်ပြေ
ပွင့်ဖြူ ဒီဇင်ဘာ ၁၆ ရက်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ ညောင်ကုန်းကျေး ရွာတွင် ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးချပြီးဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံတို့ကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြ ကြောင်းသိရသည်။
အဆိုပါ စီးပွားဖြစ် စိုက်ပျိုးသည့် ဟင်းသီး ဟင်းရွက်စားပင်သီးနှံများတွင် ဘူးသီးစိုက်ပျိုး ရေးလုပ်ငန်းမှာ ဈေးကွက်တွင် အသီးဈေး နှုန်းထက် အညွန့်ခူး၍ ရောင်းချခြင်းမှာ တောင်သူများအတွက် ပိုမိုတွက်ချေကိုက်ကာ လုပ်ငန်း အဆင်ပြေနေကြကြောင်း သိရသည်။
ဘူးသီးစိုက်ပျိုးရေးလုပ်ငန်းသည် ပင်ပြန့် စိုက်ပျိုးနည်းနှင့် စင်ထိုး၍ စိုက်ပျိုးနည်း ဟူ၍ (၂)မျိုးရှိပြီး ပင်ပြန့်စိုက်ပျိုးပါက အသီးသီး ရာတွင် ဖြစ်ထွန်းမှုနည်းပြီး စင်ထိုး၍ စိုက်နည်း စနစ်ဖြင့် စိုက်ပျိုးပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမှု ရှိကာ အသီးများ ပို၍သီးကြောင်း ဘူးပင်စိုက်တောင်သူများထံကသိရသည်။
ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးရေးလုပ် ငန်းမှာ အခြားသီးနှံများထက် နေ့စဉ်ဝင်ငွေ ရရှိသည့်အတွက် တောင်သူများက ဟင်းသီးဟင်းရွက်စားပင်သီးနှံစိုက်ပျိုးခြင်းကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။
ဘူးသီးစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လကြာပါက အသီးနှင့် အညွန့်များကို ဆွတ်ခူးရောင်းချရကြောင်း ၊ လက်ရှိတွင် ဈေးကွက်၌ ဘူးသီးတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်း ရောင်းချရပြီး ၊ ဘူးညွန့်တစ်ညွန့်လျှင် ၁၅ ကျပ် နှုန်း ရောင်းချ နေရသဖြင့် စီးပွားရေး တွက်ချေကိုက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ၊ ညောင်ကုန်း ကျေးရွာမှ ဟင်းသီးဟင်းရွက်စား ပင်သီးနှံစိုက်ပျိုး လုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် အညာကျေး လက်ဒေသများရှိ ဒေသခံတောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေ ရရှိသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံ စိုက်ပျိုးရေး လုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် ဘူးသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အသီးဈေးထက် အညွန့်ဈေးနှုန်း ကောင်းသည့်အတွက် ဘူးသီးနှံ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
ပွင့်ဖြူ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများသည် မြေအောက်ရေကို စနစ်တကျ သုံးစွဲ၍ ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများ ထံက သိရသည်။
ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၂)လခွဲခန့် ကြာပါက ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို စတင်ဆွတ်ခူးရောင်းချရကြောင်း ၊ လက်ရှိတွင် ဈေးကွက်၌ ပန်းမုံလာ(အဖြူ)တစ်ပွင့်လျှင် ငွေကျပ် ၆၅၀ ၊ ပန်းမုံလာ(အစိမ်း) တစ်ပွင့်လျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် ရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အကျိုးရှိစွာအသုံးချပြီး ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့စားပင်သီးနှံတွေကတော့ ဘူး ၊ ဖရုံ ၊ သခွား ၊ ခရမ်း ၊ ခရမ်းချဉ် ၊ ငရုတ် ၊ ကြက်သွန် ၊ ဖူးစားပြောင်း ၊ ကြက်ဟင်းခါး ၊ မုံလာဉဖြူ ၊ ပန်းမုံလာ(အဖြူ/အစိမ်း) ၊ နံနံပင် ၊ တိုင်ထောင်ပဲ ၊ ချဉ်ပေါင် ၊ ကန်စွန်း စတဲ့ သီးနှံတွေနဲ့ ဘုရားပန်းမျိုးစုံကို အဓိကစိုက်ပျိုးကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ယခုနှစ်တွင် ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းမုံလာသီးနှံ(အဖြူ)မျိုးနဲ့ ပန်းမုံလာ(အစိမ်း)မျိုးကို စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာကြ ပါတယ်။ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူတွေ စမ်းသပ်စိုက်ပျိုးတဲ့ ပန်းမုံလာစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးရောင်းချရချိန်တွင် ဈေးကောင်းရရှိဖို့ တောင်သူတွေ မျှော်လင့်နေကြပါတယ် ” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ပန်းမုံလာသီးနှံသည် ဟင်းလျာများတွင် တို့စရာအဖြစ် စားသုံး၍ရသလို ၊ ကြော်ချက်၍လည်း စားသုံးနိုင်သဖြင့် ပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်ရှိသည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ၊ ပန်းမုံလာသီးနှံတွင် အဖြူမျိုးနှင့် အစိမ်းမျိုး ဟူ၍ ရှိပြီး ပန်းမုံလာအဖြူမျိုးမှာ တစ်ပွင့်တည်းသာပွင့်ပြီး အစိမ်းမျိုးမှာ အနည်းဆုံး (၂ ၊ ၃)ပွင့်အထိ ဆွတ်ခူးရောင်းချရသဖြင့် စီးပွားရေးပိုမိုတွက်ချေကိုက်သည့်သီးနှံဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။ ရဲဝင်းနိုင် ( ညောင်ဦး )
မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၁၆ ၊ ၂၀၂၀၊ ဒီဇင်ဘာ (၁၆-၃၁) ရက်ထွက် ဂျာနယ်ကို ဒီဇင်ဘာ ၁၅/၁၆ ရက် ထုတ်ဝေဖြန့်ချိပေးပါမည်….။
ကားလိုင်းများ ပိတ်ထား၍ သတ်မှတ်ရက်အတိုင်း ပေးပို့မရပါ။ နောက်ကျမှ အချို့မြို့နယ်များသို့ ရောက်မည်ဖြစ်ပါကြောင်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။ ပေးပို့ပြီးသော မြို့နယ်များသို့ ဖုန်းဆက်အကြောင်းပေးပါမည်။
ကျန်သော မြို့နယ်များ မရောက်လျှင် ၁၅ ရက်အတွင်း ဂျာနယ်ရုံးသို့ ဖုန်းဆက်ပေးပါ။ ကားဂိတ်များမှ ၁၅ ရက် ဂျာနယ် နှစ်ပတ် ထွက် တစ်လ အချိန်ကြာလျှင် လုံး၀တာ၀န်မယူဟု ဆို၍ ဖြစ်ပါသည်။
မကွေးသို့ နယ်မြို့များမှ ရောက်ရှိနေလျှင် ၀၉-၄၄၀၂၂၅၁၀၀ သို့ဖုန်း ဆက်ပေးပါ။ လူကြီးမင်းထံသို့ လာရောက်ပေးပို့ပေးပါမည်။
ကျန်သော မြို့နယ်များမှာ ၁၅ ရက်အတွင်း အောက်ပါဖုန်းများသို့ ဖုန်းဆက်ပေးရန်မေတ္တာရပ်ခံပါသည်။
၀၉-၇၉၄၅၇၅၀၇၀
၀၉-၄၄၀၂၂၅၁၀၀
ထုတ်ဝေသူ ဦးဝင်းကြည်
မြေလတ်ဂျာနယ်တိုက်၊ မကွေးမြို့ ။