ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေပြည့်အမှတ်ထက် ၁ ဒသမ ၁၀ ပေ ရေကျော်ကျလျက်ရှိ
ပွင့်ဖြူ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံ သည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်း ခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး အောက်တိုဘာ ၂၁ ရက် ၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ယင်း တမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ၁ ဒသမ ၁၀ ပေ ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ သည် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရ သော အဓိက တမံတစ်ခုဖြစ်သည်။ ယမန်နေ့က မိုးရေချိန်လက်မ ၁ ဒသမ ၆၂ လက်မခန့် မိုးရွာသွန်းမှုရှိခဲ့၍ တမံအတွင်း ရေဝင်ရောက်မှု တိုးလာခဲ့ရာ သတ်မှတ်ထားသော တမံရေပြည့်အမှတ် ၃၄၀ ပေ ထက် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး အဆိုပါ ရေကျော်ကျမှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာမရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျနေမှုနှင့် ပက်သက်ပြီး နေ့စဉ် ပြည်သူများကို အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ကြီးအုံကြီးဝတမံ၏ သတ်မှတ်ထားသော ရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေ ထက် ၁ ဒသမ ၁၀ ပေ ( ၁၃ ဒသမ ၂၀ လက်မ)ခန့် ရေကျော်ကျလျက်ရှိနေပြီး အဆိုပါ ရေကျော်ကျနေမှုမှာ ဒေသခံ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်းနှင့် ရေပိုလွှဲမှ ရေကျော်ကျနေမှုအခြေအနေအား ပြည်သူများ သိရှိနိုင်ရန် အချိန်နဲ့ တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် က ပြောသည်။ ရဲဝင်းနိုင် ( ညောင်ဦး )
0 comments:
Post a Comment