Tuesday, September 1, 2020

မကွေးမြို့နယ်လျှောင်းတော်ဦးကျေးရွာမှာကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိ မကွေး စတင်ဘာလ ၁ ရက်

 

မကွေး စတင်ဘာလ ၁ ရက် မကွေးမြို့နယ်လျှောင်းတော်ဦးကျေးရွာမှာကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိတယ် လိုမကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန မှလက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကအတည်ပြုပြောဆိုပါတယ်။ ကျွန်တော်တို့ မနေ့ကည ၁၁ နာရီလောက်မှာ သိခဲ့ရတာပါ။ မကွေးမြို့နယ် ၊ လျောင်းတော်ဦးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားမှာ ကိုဗစ်ပိုးတွေ့ရှိထားပါတယ်။ရောဂါပိုးတွေ့ရှိရဲ့ရာဇဝင်ကိုတော့သေချာမသိရသေးပါဘူးလို့မကွေးတိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြား ရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ ပို့တွေ့သူဟာ ယာဥ်မောင်းတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်ဘက်ကို ပန်းရံအလုပ်သမားတွေ သွားပို့ပြီး ပြန်လာခဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။ သူ့လို ယာဥ်မောင်းသုံးဦးကို ပိုး ရှိ မရှိ စစ်ဆေးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ ပိုးတွေ့ခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ သူနဲ့ ထိတွေပတ်သက်သူတွေကိုလည်း ကျန်းမာရေးစစ်ဆေး စောင့်ကြည့်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ သူဟာ မကွေးတိုင်းရဲ့ (၄ )ယောက်မြောက် ပို့တွေ့လူနာဖြစ်ပြီး သူ့အရင် ပိုးတွေ့ခဲ့ဖူးတဲ့ မြို့သစ် ၊ တောင်တွင်း နဲ့ သရက်မြို့နယ်က သုံးဦးကတော့ နှစ်ကြိမ်ထပ်စစ်တဲ့အခါမှာ ရောဂါပိုး မတွေ့ရတော့ဘူး လို့ ကျန်းမာရေး တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ မကွေးတိုင်းမှာ ရခိုင်ပြန်တွေအပါအဝင် ကန့်သတ် စောင့်ကြည် Quarantine ထားသူ လူ ဦးရေ ၁၃၀၀ ခန့်ရှိတယ်လို့ ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနက သိရပါတယ်။ သတင်း ဇာမဏီ

0 comments:

Post a Comment