This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, September 15, 2020

မြေလတ်ဂျာနယ်၊ အတွဲ-၆ ၊ အမှတ်-၁၀ ထွက်ဂျာနယ်ကို ပထမ ကြေညာထားတဲ့ အတိုင်း စက်တင်ဘာ ၁၅/၁၆ ရက်နေ့ နယ်အချို့သို့ မပို့နိုင်သေးပါခင်ဗျား..။

မြေလတ်ဂျာနယ်၊ အတွဲ-၆ ၊ အမှတ်-၁၀ ထွက်ဂျာနယ်ကို ပထမ ကြေညာထားတဲ့ အတိုင်း စက်တင်ဘာ ၁၅/၁၆ ရက်နေ့ နယ်အချို့သို့ မပို့နိုင်သေးပါခင်ဗျား..။ 

 မကွေးတိုင်းအတွင်း ခရီးသည်တင်ကားများ ပြန်လည်ပြေးဆွဲလျှင် ပို့ပေးပါမည်။ ပေးပို့လျှင် ထပ်မံ ကြောင်းကြားပေးပါမည်။ 

နယ်ဖြန့်ချိရေးများ နှင့် နယ်မှ စာဖတ်သူများကို လေးစားလျှက်

 အယ်ဒီတာချုပ် 

မြေလတ်ဂျာနယ်

Sunday, September 13, 2020

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်-၁၀၊ ၂၀၂၀ စက်တင်ဘာလ (၁၆-၃၀)ရက်ထွက် ဂျာနယ်ကို ၂၀၂၀ စက်တင်ဘာလ (၁၅/၁၆)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။

 

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်-၁၀  ၂၀၂၀ စက်တင်ဘာလ (၁၆-၃)ရက်ထွက် ဂျာနယ်ကို ၂၀၂၀ စက်တင်ဘာလ (၁/၁၆)ရက်နေ့ မှာ  ကြိုတင်ဖြန့်ချိပါမည်။

မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်  နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့  အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့  အကြောင်းကြားပေးစေလိုပါသည်။

 စာတိုက်ပို့ရန်)           အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊

                                ပြည်တော်သာလမ်း၊ ရွာသစ်ရပ် မကွေးမြို့။

အသစ်ဖောက်သည်များ စောင်ရေ အော်ဒါပေးရန် ဖြန့်ချိရေး  ၀၉-၇၉၄၅၇၅၀၇၀

    အယ်ဒီတာအဖွဲ့ မြေလတ်ဂျာနယ်  

 

ထူးခြားသတင်းများ နှင့် ဆောင်းပါးများ

(၁) ဟောင်းနွမ်းသော်လည်း ကောင်းမွန်နေသည့် ကျေးလက်တောရွာများ၏ မိရိုးဖလာရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များ…. ဇေယျာထက်(မင်းဘူး)       စာမျက်နှာ - ၁၂

 

(၂) နှမ်းခါပြန်လာရာမှ မိုးကြိုးထိမှန်၍ သေဆုံးသူအတွက် နိုင်ငံတော်က ထောက်ပံ့ငွေပေးအပ်။   ကျော်စိုးဝင်း(မင်းဘူး)   စာမျက်နှာ-၁၂

(၃) မကွေးတိုင်း ရွေးကောက်ပွဲအတွက် လုံခြံရေးအင်အား  ၂ သောင်းခန့် အသုံ ပြုမည်….။ စာ- ၁၃

(၄)  မကွေးမြို့တွင် နှာခေါင်စီး (Mask) မတပ်သူများကို  (Mask)  နှစ်ခု  ၂၀၀၀ ထောင်ကျပ်ဖြင့် ရောင်းချမည်….။ ဇာမဏီ       စာမျက်နှာ- ၁၃

(၅)  မကွေးတိုင်းအတွင် COVID-19 ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက် မလိုက်နာသူများကို အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူမည်……။  ဇာမဏီ       စာမျက်နှာ-  ၁၈

 





 

Monday, September 7, 2020

ပိုးတွေ့အတည်ပြုလူနာ Case (1155) တည်းခိုနေထိုင်သွားခဲ့သော မင်းဘူးမြို့ရှိ ဟော်တယ်တစ်ခုကို Lock Down ချထား

မင်းဘူး စက်တင်ဘာ ၅ ပိုးတွေ့အတည်ပြုလူနာ Case (1155) တည်းခိုနေထိုင်ခဲ့သော မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မန်းသီတာဟော်တယ်ကို ယနေ့နံနက်ပိုင်းမှ စ၍ Lock Down ချထားကြောင်း မင်းဘူးခရိုင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ(၄)ရက်နေ့အတွက် ဓါတ်ခွဲ စစ်ဆေးမှုများကို စက်တင်ဘာ (၅)ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ သတင်း ထုတ်ပြန်ခဲ့ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းထဲမှ Case (1155) သည် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ခရီသွားလာခဲ့သူဖြစ်ကြောင်း သိရသည်။ Case (1155) ပါ (၈) ဦးအဖွဲ့၏ ခရီးသွားရာဇဝင်ကို စိစစ်ရာတွင် စေတုတ္တရာ မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများကို စစ်ဆေးရန်အတွက် ဩဂုတ်လ ၃၁ ရက်နေ့က စလင်းမြို့နယ် ဈေးမရပ်ကွက်ရှိ၊ ရွှေမန်းဟိုတယ်သို့ တစ်ညအိပ် တည်းခိုနေထိုင် ခဲ့ကြောင်း၊ စက်တင်ဘာ တစ်ရက်နေ့တွင် စေတုတ္တရာမြို့နယ်သို့ Drive Test တိုင်းတာစစ် ဆေးရန် သွားရောက်ခဲ့ပြီး မိုးမြင့်အာကာထမင်းဆိုင်တွင် ဝင်ရောက်စားသောက်ခဲ့ကြသည်။ ထို့နောက် လုပ်ငန်းများပြီးစီး၍ စက်တင်ဘာ တစ်ရက်နေ့ ညပိုင်းတွင် မင်းဘူးမြို့သို့ ထွက်ခွာခဲ့ရာ မန်းသီတာဟော်တယ်တွင် ညအိပ်ဝင်ရောက်တည်းခိုပြီး အခြားနေရာများသို့ သွားရောက်ခဲ့ခြင်းမရှိဘဲ စက်တင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ Case (1155) နှင့် အနီးကပ်ထိတွေ့ ဆက်စပ်သူများမှာ စလင်းမြို့နယ်မှ (၁၃)ဦး၊ စေတုတ္တရာမြို့နယ်မှ (၂)ဦးတို့ကို သက်ဆိုင်ရာ Facility Quarantine Centre များတွင် ထားရှိပြီး မင်းဘူးမြို့နယ်မှ ဟော်တယ်ဝန်ထမ်း (၈)ဦးနှင့် တည်းခိုဆက်စပ်သူ (၃)ဦးတို့ကို Hotel Facility Quarantine (၁၄) ရက်ဝင်ရောက်စေခဲ့ပြီး အာခေါင်တို့ဖတ်နှင့် နှားခေါင်း တို့ဖတ် (Swab) များကို ဓါတ်ခွဲစစ်ဆေး ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်မှ ပြောသည်။ မန်းသီတာဟော်တယ်တွင် လူနာနှင့်တစ်ရက်ထဲ တည်းခိုနေထိုင်သွားခဲ့သော ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှ (၂)ဦးကိုလည်း ခရိုင်ကျန်းမာရေးဦးစီးဌာန အချင်းချင်း ဆက်သွယ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ Case (1155) နှင့်ထိတွေ့ဆက်စပ် ခဲ့သည့် စလင်းမြို့ရှိ ရွှေမန်းဟော်တယ်၊ စေတုတ္တရာမြို့ရှိ မိုးမြင့်အာကာထမင်းဆိုင်နှင့် မင်းဘူးမြို့ရှိှ မန်းသီတာဟော်တယ်တို့ကို Lock Down ချထားဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ မောင်မောင်(မင်းဘူး) 

aaa

Thursday, September 3, 2020

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ



 

မင်းဘူး          စက်တင်ဘာ            

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်း တည်ဆောက်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဓါတ်လှေကားတည်ဆောက်မည့် နှစ်ကျိပ်ရှစ်ဆူဘုရားအောင်မြေ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ရွှေစက်တော်ဘုရား ဩဝါဒ စရိယ ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တဉာဏိက၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်မှတ်ထားသော နေရာအသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပန္နက်တိုင်းအား ၉ ချက်ရိုက်သွင်းပြီး အမွှေး နံ့သာရည် ပက်ဖျန်းပေးခဲ့ကြသည်။

ဓါတ်လှေကားတည်ဆောက်ရေးလုပ်များကို ရွှေစက်တော်ဘုရားကြီးရန်ပုံငွေမှ  ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ခန့်အသုံးပြု၍ အပိုင်းနှစ်ပိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပထမ အပိုင်းအနေဖြင့် လျှောက်လမ်းအကျယ် ၂၈၈ ပေ၊ ဓါတ်လှေကားအမြင့် ၁၁၄ ပေရှိ ဓါတ်လှေကား အိမ်နှင့် လျှောက်လမ်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် ရင်ပြင်တော် နှင့် ကားပါကင်လုပ်ငန်းကို တည်ဆောက်သွားမည်ဖြစ်ပြီး  စီမံကိန်းကာလကို ရှစ်လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်ခဲ့သော ကျော်သာဆောက်လုပ်ရေးကုမ္ပဏီမှ ဓါတ်လှေကားနှင့် ရင်ပြင်တော်တည်ဆောက်ရေး စီမံကိန်းမန်နေဂျာ ဦးမင်းအောင်က ပြောသည်။

အဆိုပါ ဓါတ်လှေကားတည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးလာရောက် ကြသော ရဟန်းရှင်လူ မိဘပြည်သူများ၊ သက်ကြီး/သက်ငယ်မရွေး လွယ်လင့်တကူ စိတ်ချမ်းသာ စွာဖြင့် တက်ရောက်ဖူးမျှော်နိုင်မည်ဖြစ်ကြောင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရား အောင်မြေရင်ပြင်တော်မှ ကိုးခန်းကြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ် တန်ဆောင်းရင်ပြင်သို့ ဓါတ်လှေကားနှစ်စင်းဖြင့် တက် ရောက်နိုင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင် အောက်စက်တော်ရာဘုရား တာဝန်ခံ ဦးသိန်းလှိုင် ကပြောသည်။

ပန္နက်တင်မင်္ဂလာအခန်းအနားအပြီးတွင် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်ဗိမ္မာန်တော် ကြီးအတွင်း ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ ရှိကြောင်းသိရသည်။

မောင်မောင်(မင်းဘူး)


 




Tuesday, September 1, 2020

မကွေးမြို့နယ်လျှောင်းတော်ဦးကျေးရွာမှာကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိ မကွေး စတင်ဘာလ ၁ ရက်

 

မကွေး စတင်ဘာလ ၁ ရက် မကွေးမြို့နယ်လျှောင်းတော်ဦးကျေးရွာမှာကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦး စစ်ဆေးတွေ့ရှိတယ် လိုမကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန မှလက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကအတည်ပြုပြောဆိုပါတယ်။ ကျွန်တော်တို့ မနေ့ကည ၁၁ နာရီလောက်မှာ သိခဲ့ရတာပါ။ မကွေးမြို့နယ် ၊ လျောင်းတော်ဦးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားမှာ ကိုဗစ်ပိုးတွေ့ရှိထားပါတယ်။ရောဂါပိုးတွေ့ရှိရဲ့ရာဇဝင်ကိုတော့သေချာမသိရသေးပါဘူးလို့မကွေးတိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြား ရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ ပို့တွေ့သူဟာ ယာဥ်မောင်းတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်ဘက်ကို ပန်းရံအလုပ်သမားတွေ သွားပို့ပြီး ပြန်လာခဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။ သူ့လို ယာဥ်မောင်းသုံးဦးကို ပိုး ရှိ မရှိ စစ်ဆေးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ ပိုးတွေ့ခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ သူနဲ့ ထိတွေပတ်သက်သူတွေကိုလည်း ကျန်းမာရေးစစ်ဆေး စောင့်ကြည့်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။ သူဟာ မကွေးတိုင်းရဲ့ (၄ )ယောက်မြောက် ပို့တွေ့လူနာဖြစ်ပြီး သူ့အရင် ပိုးတွေ့ခဲ့ဖူးတဲ့ မြို့သစ် ၊ တောင်တွင်း နဲ့ သရက်မြို့နယ်က သုံးဦးကတော့ နှစ်ကြိမ်ထပ်စစ်တဲ့အခါမှာ ရောဂါပိုး မတွေ့ရတော့ဘူး လို့ ကျန်းမာရေး တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ မကွေးတိုင်းမှာ ရခိုင်ပြန်တွေအပါအဝင် ကန့်သတ် စောင့်ကြည် Quarantine ထားသူ လူ ဦးရေ ၁၃၀၀ ခန့်ရှိတယ်လို့ ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနက သိရပါတယ်။ သတင်း ဇာမဏီ

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၈ မှ စာမျက်နှာ ၂၄ မျက်နှာ တင်ပေးထားပါတယ်။

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၈ မှ စာမျက်နှာ ၂၄ မျက်နှာ တင်ပေးထားပါတယ်။



















မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၇ မှ စာမျက်နှာ ၂၄ မျက်နှာ တင်ပေးထားပါတယ်။

မြေလတ်ဂျာနယ် အတွဲ-၆၊ အမှတ်- ၇ မှ စာမျက်နှာ ၂၄ မျက်နှာ တင်ပေးထားပါတယ်။