Saturday, August 8, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ မင်းဘူး ဩဂုတ် ၈ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဌများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးမြင့်ကျော်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးတင့်ဇော်ခိုင်တို့က ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာနမှ ခရိုင် ဦးစီးမှူးက မဲဆန္ဒရှင်စာရင်းများ၌ လိုအပ်လျက်ရှိသော မှတ်ပုံတင်နံပါတ်များအား မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ခံများက မြို့နယ် အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးတင်ပြခဲ့ကြသည်။ ထို့နောက် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မဲစာရင်းကပ်ထားကြေညာ ရက်တိုးမြှင့် သတ်မှတ်ထားချိန်အတွင်း အချိန်နှင့်တပြေးညီ စာရင်းများတိကျမှန်ကန်စွာ ပြီးစီးနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ မောင်မောင်(မင်းဘူး)

0 comments:

Post a Comment