Wednesday, June 3, 2020

မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန် ငွေကျပ် (၁၃) သိန်းကျော်တန်ဖိုးရှိ Syringe Pump စက်ပစ္စည်း ၂ ခုလာရောက်လှူဒါန်း



မင်းဘူး          ဇွန်              
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနိုင်ရန် ပွင်ဖြူမြို့နယ်၊ ကျောင်းတော်ရာ ( ကျောင်းကြီးကျောင်းတိုက်) ဆရာတော် သာသနဓဇဓမ္မာ စရိယ ၊ အဂ္ဂမဟာသတ္တမဇောတိကဓဇ အရှင်ဓမ္မာစာရ မှ ငွေကျပ် ၁၃ သိန်းကျော်တန်ဖို့ရှိ Syringe Pump စက်ပစ္စည်း၂ ခု ကို ယနေ့နံနက်ပိုင်း မင်းဘူးမြို့မဈေး ဓမ္မာရုံ၌ လာရောက်လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။

          အဆိုပါ စက်ပစ္စည်းသည် Covid-19ကာလကုသရေးလုပ်ငန်းများတွင် များစွာအသုံး ဝင်ပြီး အကြောသွင်းဆေးများကို ချိန်ညှိပေးသည့်စက်ပစ္စည်းဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ရိုးရိုးပိုက်ဖြင့်သွင်းခြင်းထက် လူ၏ခန္တာကိုယ်အကြော ထဲသို့ ဆေးပမာဏ နည်းနည်းဖြင့် သွင်းလိုသည့်အခါ  ယခုစက်ဖြင့် သွင်းပါက ဆေးပမာဏကို ပိုမိုကောင်းမွန်စွာ ချိန်ဆပေးနိုင်ကြောင်း ၎င်းဆက်၏ အဓိကလုပ်ဆောင်ချက်သည် ပိုးသတ်ဆေးနှင့် အရေးကြီးသောဆေးများကို အကြောထဲသို့ ဆေးသွင်းရာတွင် လိုအပ်သည့်ပမာဏကို ချိန်ဆအသုံးပြုနိုင်သောကြောင့် များစွာအထောက် အကူပြုကြောင်း” ကို ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး‌ ဒေါက်တာတင့်ခိုင်က ရှင်းပြသည်။
ယင်းနောက် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဆရာတော်ကြီးကိုယ်စာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ရှင်းလင်းပြောကြားပြီး Syringe Pump စက်ပစ္စည်း ၂ ခုကို လာရောက်လှူဒါန်းပေးသော ဆရာတော်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ခရိုင်ဆေးရုံအုပ်ကြီးမှ ပြန်လည်ဆက်ကပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
          မောင်မောင်(မင်းဘူး)

0 comments:

Post a Comment