မင်းဘူး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့(စကု)မြို့နယ်အတွင်းရှိ Quarantine
Center များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စေတနာ့ဝန်းထမ်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဂုဏ်ပြုမှတ် တမ်းလွှာပေးအပ်ခြင်းကို ယနေ့နံနက်
၁၀ နာရီအချိန်က မင်းဘူးမြို့၊ စက္ကိန်းတဲဘုရားဝန်းအတွင်းရှိ Quarantine
Center ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်တို့က ထောက်ပံ့ရေး
ပစ္စည်းများကိုပေးအပ်ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးဇော်လင်းအောင်နှင့် ဒေါ်မိုးဆွေတို့အား
အသီးသီး ပေးအပ်ခဲ့သည်။
၎င်းနောက် လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးက Quarantine
Center များရှိ ကိုယ်ဝန်ဆောင် မိခင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို
ပေးအပ်ခဲ့ရာ စက္ကိန်းတဲဘုရား Quarantine Center ကြီးကြပ်ရေးတာဝန်ခံ မြို့နယ်စိုက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး
ဦးသိန်းနိုင်ဝင်းမှ လက်ခံရယူ ခဲ့ကြောင်း သိရသည်။
အဆိုပါ
ထောက်ပံ့ငွေးများကို တစ်ဉီးလျင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ကိုယ်ဝန်ဆောင်မိခင် ၄ ဦး၊ အသက်(၅)နှစ်အောက်ကလေး ၁ ဦး တို့ကို
သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)
0 comments:
Post a Comment