Thursday, June 4, 2020

မင်းဘူးမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ ၁၆၀ နှင့် အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်း




မင်းဘူး          ဇွန်        
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် MPRL E&P မှ Field Operation Manager ဉီးမျိုးဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့  မွန်းလွဲ ၂ နာရီ အချိန်က ခရိုင် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

          “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတဲ့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်သည်ဟူသော ဆောင်ပုဒ်နဲ့အညီ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ကျန်းမာရေးဝန်ထမ်းများက အထူးစွမ်းစွမ်းတမံဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါတယ်၊ အဲဒါကြောင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများရှိ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုလို့ရနိုင်ဖို့ အထောက်အကူပြုပစ္စည်းများကို အခုလိုလာရောက် ပေးအပ်လှူဒါန်းရခြင်းဖြစ်ပါတယ်” ဟု MPRL E&P မှ Field Operation Manager ဉီးမျိုးဝင်း က ပြောသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် PPE ဝတ်စုံ ၁၅၀ ၊ အဝတ်နှာခေါင်းစည်း(Cloth Masks) ၃၀၀ ခု ၊ N95 Mask ၂၀၀ ခု၊ နှာခေါင်းစည်း(Surgial Mask) ၅၀၀၀ ခု ၊ လက်ဆေးရည်(Hand Wash Pump) အခု ၂၀၀ ၊ လက်သန့်ဆေးရည်(Hand Sanitizer Pump) အခု ၂၀၀ ၊ တို့ကို လည်းကောင်း၊ မယ်ဘေ့ကုန်းကျေးရွာရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ PPE ဝတ်စုံ ၅ စုံ၊ အဝတ်နှာခေါင်းစည်း (Cloth Masks) အခု ၁၀၀ ၊ လက်ဆေးရည်(Hand Wash Pump) ၁၀ ခု၊ လက်သန့်ဆေးရည်  (Hand Sanitizer Pump) ၁၀ ခု၊ မန်းကျိုးကျေးရွာရှိ ကျန်းမာရေး စောင့်ရှောက်မှုစင်တာသို့ PPEဝတ်စုံ ၅ စုံ၊ အဝတ်နှာခေါင်းစည်း (Cloth Masks) အခု ၁၀၀ ၊ လက်ဆေးရည် (Hand Wash   Pump)၁၀ခု၊ လက်သန့် ဆေးရည် (Hand Sanitizer Pump) ၁၀ ခု တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်ဆေးရုံအုပ်ကြီးနှင့် ကျေးရွာကျန်းမာရေးမှူးများက လက်ခံရယူခဲ့ကြပြီး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကားပြောကြာပြီး အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။  
          အဆိုပါ ပေးအပ်လှူဒါန်းပွဲသို့ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်နှင့် အထူးကုဆရာဝန်ကြီးများ၊ ကျေးရွာကျန်းမာရေးမှူးများ MPRL E&P မှ Field Operation Manager ဉီးမျိုးဝင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment