မင်းဘူး ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ များအား
Facility Quarantine Center အဖြစ်အသုံးပြုခဲ့သော စာသင်ကျောင်းများအား
သက်ဆိုင်ရာပညာရေးဌာနသို့ ပြန်လည်အပ်နှံရန် ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေး
လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အခုလို သန့်ရှင်းရေးလုပ်ပြီး
ဆေးဖျန်းတာက ကျောင်းတွေကိုကျောင်းပြန်ဖွင့်တဲ့ အချိန်မှာ ကျောင်းသားလေးတွေ ရောဂါကူးစက်မှုအန္တရာယ်ကင်းဝေးစေဖို့နဲ့
ကျောင်းသားမိဘတွေ ယုံကြည်စိတ်ချလို့ရအောင် စာသင်ကျောင်းတွေကို ဆေးဖျန်း ခြင်း
ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ကျောင်းကိုလာရောက်မယ့် ကျောင်းသား/ကျောင်းသူ
တွေနဲ့ ကျောင်းသားမိဘတွေ လုံခြုံစိတ်ချစွာ ဝင်ထွက်သွားလာလို့ရအောင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနဲ့အညီ စာသင်းကျောင်းများကို ယခုလို ဆောင်ရွက်
ခြင်းဖြစ်ပါတယ်၊ ကျောင်းပြန်ဖွင့်တဲ့ အခါမှာလည်း ဆရာ/ဆရာမတွေနဲ့
ကျောင်းသားများ အားလုံးကလည်း နှာခေါင်းစည်း တပ်ဆင်ရမှာပါ၊ ကျောင်းတွေမှာလည်း လက်ဆေးမယ့် ဘေစင်တွေ
ထားရှိသွားမှာဖြစ်ပါတယ်၊ ယခုလို ဆောင်ရွက်ထားတဲ့အတွက် မိဘပြည်သူများ အနေနဲ့ စိုးရိမ်စရာမဖြစ်ရအောင်
သေခြာပြင်ဆင်ထားတာပါ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ
က ပြောကြားသည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment