မင်းဘူး ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့(စကု)မြို့နယ်၊ သနပ်ပင်စုကျေးရွာအုပ်စု၊
ကျောင်းကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး
မိုးကြိုးပစ်ခံရ၍ လူတစ်ဉီးဒဏ်ရာ ရရှိကာ နွားတစ်ကောင်သေဆုံးခဲ့ကြောင်း စကုမြို့မ
ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈
ရက်နေ့ ညနေ ၆ နာရီ အချိန်က ကျောင်းကုန်းကျေးရွာနေသူ ဒေါ်ဉမ္မာသည်
နေအိမ်ရှေ့နွားတင်းကုတ်သို့သွားရောက်ကာ နွားစာကျွေးပြီးအပြန် နွားတင်း ကုတ်နှင့် ၃
ပေခန့်အကွာအရောက်တွင် နွားတင်းကုတ်ရှိ
အစာကျွေးထားသော နွားမတစ် ကောင်အား မိုးကြိုးပစ်လိုက်သဖြင့် နွားမသေးဆုံးခဲ့ပြီး
ဒေါ်ဉမ္မာ၏ ခြေထောက်နှစ်ဖက်စလုံး မိုးကြိုးစက်ကွင်းမိကာ လှုပ်ရှားမရ ဖြစ်ပွားခဲ့ပြီး
မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း
သိရသည်။
အဆိုပါ မိုးကြိုးပစ်ခံရမှုကြောင့် မိုးကြိုးစက်ကွင်းမိသူ ဒေါ်ဉမ္မာသည်
ခြေထောက်နှစ်ဖက် ဒဏ်ရာရရှိခဲ့ပြီး နွားမတစ်ကောင်သေးဆုံးခဲ့ကြောင်း
သိရသည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment