Saturday, June 20, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အသက်(၇၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မကွေးမြို့ကန်သာကန် တွင်သစ်ပင်စိုက်ပျိုး





မကွေး ဇွန်လ(၁၉)ရက်
ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မကွေးမြို့ကန်သာကန်တွင် ဇွန်လ(၁၉)ရက် နံနက်(၇) နာရီအချိန်ခန့်က စိုက်ပျိုးမှုပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးမှုကို မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးဆောင်ရွက် ကြောင်းသိရသည်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့်မွေးနေ့ မှာဂုဏ်ပြု တဲ့အနေနဲ့ ကန်သာကန်ကြီးမှာ သစ်ပင်အမျိုးအစားအားဖြင့် (၁၃)မျိုး ၊စုစုပေါင်းသစ်ပင်အရေအတွက်(၅၇၀)ကွောစြိုကပြွိုးခ့ဲပါတယြ" ဟု မကွေးမြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက ပြောသည်။
ကန်သာကန်ကြီးမှာလာရောက်အပန်းဖြေသူများ အရိပ်ရရန်နှင့်မျက်စိပသာဒရရှိရန်အတွက် အတွင်းမှာအလှပင်များစိုက်ပျိုးပြီး အပြင်မှာအရိပ်ရအပင်များကိုစိုက်ပျိုးမည်ဖြစ်
ကြောင်းသိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးရာတွင် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်း၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဝင်းမော်ဌေး ၊ ဥပဒေချုပ် ဦးဆန်းလင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊သစ်ပင်စိုက်ပျိုးရန်စိတ်ဝင်စားသူများ တက်ရောက်ခဲ့သည်။
သတင်း ဇာမဏီ
ဓာတ်ပုံ ဇွဲသူရိန်

0 comments:

Post a Comment