မင်းဘူး ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ မြို့မဈေကြီးကို
Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Social Distancing စနစ်ဖြင့်
ခရိုင်အဆင့်ဈေးကြီးဖြစ်သည်နှင့်အညီ သန့်ရှင်းသာယာ လှပပြီး ပျံကျဈေးသည်များ စနစ်တကျပြန်လည်ရောင်းချနိုင်ရေးအတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဈေးပတ်လည် မီးတာလမ်းတလျောက်မှာ ယခင်ကျူးကျော်ထားတဲ့ ဆိုင်ခန်းတွေကိုရှင်းပြီး ကွန်ကရစ်လမ်းခင်းခြင်းတွေ၊
အမှိုက်ရှင်းလင်းခြင်းတွေ၊ အနံ့ဆိုးများကင်းစေဖို့နဲ့ ရေစီးရေလာကောင်း မွန်စေရေးအတွက်လည်း ရေနှုတ်မြောင်းတွေကို အားလုံးစုပေါင်းပြီး
ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက် နေပါတယ်၊ ကွန်ကရစ်လမ်းခင်းပြီးသွားရင်တော့ အခုယာယီပျံကျဈေးထဲမှာ
ရောင်းနေတဲ့ အသား သည်တွေကို ယခင်သူတို့မူလနေရာမှာ အမိုးအကာနဲ့ ရောင်းချလို့နိုင်ရအောင်
ဆိုင်ခန်းနေရာတွေကို ပြင်ဆင်နေတယ်၊ ဈေးကြီးထဲက ဝက်သားရုံနဲ့အမဲသားရုံတွေကိုလည်း
ပြင်ဆင်ပေးနေတယ်၊ ခရိုင် ဘောလုံးကွင်းထဲမှာ ဈေးရောင်းချနေရတဲ့ ကုန်စိမ်းသည်တွေနဲ့ ပျံကျဈေးသည်တွေကို
မြို့မဈေးကြီး မှာ ပြန်လည်ရောင်းချခွင့် ရရှိနိူင်ရေးအတွက် လုပ်ငန်းတွေအားလုံးကို
နေ့ရောညပါ အမြန်ပြီးစီးနိုင်ဖို့ စက်ယန္တရားကြီးတွေနဲ့စီစဉ်ဆောင်ရွက်နေပါတယ်”ဟု မင်းဘူးခရိုင် Covid-19ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှုး
ဦးစန်းဌေးက ပြောကြား သည်။
ခရိုင်အားကစားကွင်းအတွင်း ရောင်းချနေသော ပျံကျဈေးသည်များအတွက်
ယခင်ပျံကျဈေး (ဥပုပ်ဈေး)တန်းနေရာကို ဆိုင်ခန်းပေါင်း
၃၀၀ ကျော်ပါရှိသည့် ပျံကျဈေးသစ်ကြီးအဖြစ်အချိန်တို အတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment