မြင်းခြံ ဇွန် ၇
မန္တလေးတိုင်းဒေသကြီး
မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ ပဲတီစိမ်းစိုက်ပျိုး သူများ
ပဲတီစိမ်းဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း လေးအိမ်တန်း ကျေးရွာနေ
တောင်သူ ဦးဖိုးကျော် ထံမှ သိရှိရသည်။
ယခု ပဲတီစိမ်း
တစ်ပိဿာကို ကျပ် ၁၅၀၀ ကနေ ကျပ် ၁၈၀၀ ထိ ဈေးကောင်းရ တယ် မေလတုန်းကဆို ကျပ် ၂၂၀၀ ထိ
ရရှိကြောင်း သိရသည်။ ပဲတီစိမ်းကို တပေါင်းလဆန်း တွင် စိုက်ပျိုးကြပြီး ကဆုန်လဆုတ်
အချိန်တွင် ပဲတီစိမ်း စတင်ဆွတ်ခူးနိုင်ပြီး မဆွတ်ခူးခင် ရေသွင်းရကြောင်း သိရသည်။
ပဲတီစိမ်းကို တပေါင်းလဆန်းမှ စတင်စိုက်ပျိုးပါက ပထမ အကြိမ် ကဆုန်လဆုတ်တွင်
ဆွတ်ခူးနိုင်ပြီး ၊ ရက် ၂၀ နေရင် ဒုတိယအကြိမ်၊ နောက်ထပ် ၁၃ ရက် နေပါ က တတိယ အကြိမ်
ဆွတ်ခူးနိုင်ကာ ပဲတီစိမ်းမဆွတ်ခူးမီ
ရေသွင်းရပြီး အသီး သီးခါနီးတွင် လည်း ရေတစ်ကြိမ် သွင်းရကြောင်း ပဲတီစိမ်းစိုက်ပျိုး
သူ ဦးဝဏ္ဏအောင် ကပြောသည်။ ပဲတီစိမ်း စိုက်ခင်း တစ်ဧကလျှင် ပထမအကြိမ် ဆွတ်ခူးပါက
တင်း ၂၅ တင်းရရှိပြီး၊ ဒုတိအကြိမ် တင်း ၂၀ ၊ တတိယအကြိမ် ၁၅ တင်း ရရှိပြီး
ပဲတီစိမ်း တစ်ခါ စိုက်လျှင် သုံးခါ ဆွတ်ခူးရနိုင် တစ်တင်းလျှင် ၂၀ ပိဿာရှိကြောင်း
သိရသည်။ အရင်နှစ်များတွင် ပဲတီစိမ်း တစ်ပိဿာလျှင် ကျပ် ၁၄၀၀ မှ ကျပ် ၁၅၀၀ ထိ
ရရှိသည့်အတွက် တောင်သူများ အနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့ ခဲ့ရ သည်။
ပဲတီစိမ်းများ
ဆွတ်ခူးပြီးပါက နေလှမ်းထားရှိကာ အသီးနှင့် အခွံများကို ခွဲထုတ် ရသည်။
ပဲတီစိမ်းအခွံနှင့် အပင်များကိုလည်း လွှင့်မပစ်ရဘဲ နွားစာအဖြစ် ကျွေးလျက်ရှိကြောင်း
ဦးဖိုးကျော်ထံမှသိရသည်။တောင်သူများအတွက်ပဲတီစိမ်းစိုက်ပျိုးသည့်အတွက်
ဝင်ငွေလည်းရရှိ ပြီးအခွံကို
နွားကျွေးခြင်း၊ ပင်စည်များကို မြေဩဇာအဖြစ်အသုံးပြုနိုင်၍ အဆင်ပြေလျက်ရှိ ကြောင်း
သိရှိရသည်။
ကျော်စွာ(မြင်းခြံ)
0 comments:
Post a Comment