မင်းဘူး ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့(စကု)မြို့နယ်၊
မန်းရွှေစက်တော်ဘုရားအနီး အိုင်းမ ရဲကင်း စခန်းပိုင်နယ်မြေ မန်းချောင်းအတွင်း
ငါးမိုင်းခွဲရန် လက်လုပ်မိုင်းဖြင့် ဆောင်ရွက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
စကုမြို့မရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ မန်းရွှေစက်တော်ဘုရားအနီး
ဘုရားကျေးရွာ၊ ငှက်ပျောဝအနီး၊ မန်းချောင်းအတွင်း ဇွန်လ ၂ ရက်နေ့ ညနေပိုင်းအချိန်က
ပွင့်ဖြူမြို့နယ်၊ ဝဲဒေါင့်ကျေးရွာနေ လင်းလင်းမိုးဆိုသူမှ ငါးကောက်ရန်ခေါ်သဖြင့် ဘုရားကျေးရွာနေသူ
အောင်ဇော်နိုင်(ခ) မောင်ဦးမှာ လိုက်ပါသွားခဲ့ပြီး လင်းလင်းမိုးနှင့် ကိုက်(၂၀)ခန့်
အကွာ နောက်ကျောပေးကာ ငါးခြောက်ရန် ကျောက်ခဲကောက်နေစဉ် လင်းလင်းမိုးမှ
လက်လုပ်မိုင်းအား မန်းချောင်း အတွင်းပစ်လိုက်စဉ် ရေထဲသို့မရောက်မီ
ပေါက်ကွဲခဲ့သဖြင့် အဆိုပါနှစ်ဦးစလုံးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း
သိရှိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့်
လက်လုပ်မိုင်းကိုင်ဆောင်သူ လင်းလင်းမိုးသည် ခန္ဓာကိုယ် တစ်ခုလုံးတွင် (စိုးရိမ်ရ)
ဒဏ်ရာများရရှိကာ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး၊ အောင်ဇော်နိုင်(ခ) မောင်ဦးမှာ ယာခြေဖနောင့်
ပေါက်ပြဲ ဒဏ်ရာဖြင့် ပဒါန်း တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း
အိုင်းမရဲကင်း စခန်းမှူး ဒုရဲအုပ် နိုင်နိုင်ထွန်းထံမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍
လူ့အသက်အန္တရာယ်ကိုထိခိုက်စေပြီး ပေါက်ကွဲစေ တတ် သော အရာဝတ္ထု(လက်လုပ်မိုင်း) အား
အသုံးပြုကာ ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူ လင်းလင်းမိုးအား စကုမြို့မရဲစခန်းတွင်
အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရ သည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment