Saturday, June 6, 2020

ပွင့်ဖြူမြို့နယ်၌ တောင်သူများ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေး အသိပညာပေးဆွေးနွေး




ပွင့်ဖြူ       ဇွန်      
            မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေ ရယူသုံးစွဲရာတွင် စနစ်တကျ ရယူသုံးစွဲသည့်အလေ့အကျင့်များရရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ဇွန် ရက် မွန်းလွဲ နာရီက  ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၃၀ ဦးကျော်ခန့် တက်ရောက်ခဲ့ပြီး မင်းဘူးခရိုင် ဆည်  မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မျိုးလှိုင် က ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဖြန့်ဝေပေးလျက်ရှိရာ တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေကို စနစ်တကျ သုံးစွဲခြင်းဖြင့် လိုအပ်သောစိုက်ပျိုးရေကို ပိုမိုပေးဝေဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ယခု တောင်သူများ စိုက်ပျိုးရေ စနစ်တကျသုံးစွဲနိုင်ရေးအတွက် Water User Group(WUG)အဖွဲ့ကို စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က စိုက်ပျိုးရေးလုပ်ငန်းတွင် သီးနှံရေလိုအပ်ချက်နှင့် မျိုးစေ့သုံးစွဲရမှု သက်သာသော (SRI) စနစ် ပျိုးသက်နု ကောက်ကွက်ကျဲ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များအကြောင်းကို တောင်သူပညာပေး ဆွေးနွေးဟောပြောခဲ့ သည်။
            ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေးဆိုင်ရာနည်းလမ်းများ နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးဖြေကြားပေးပြီး စိုက်ပျိုးရေ စနစ်တကျ သုံးဆွဲရေးအတွက် Water User Group (WUG)အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment