မြင်းခြံ ဇွန် ၃
မန္တလေးတိုင်းဒေသကြီး
မြင်းခြံခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲယူနစ်များ ကွဲလွဲမှုမရှိစေရန်အတွက်
ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်ကာ မီတာဖတ်ရှု ခြင်းများ
ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံခရိုင်အတွင်း
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့နယ်လျှပ်စစ်ရုံး များမှ
မီတာဖတ်ရှုခြင်းများဆောင်ရွက်ရာတွင် မီတာဖတ်ချက်များ၊ သုံးစွဲယူနစ်များ
ကွဲလွဲမှုမရှိ စေရေးတို့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက်
လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ မီးသုံးသူများနှင့်အတူ မီတာဖတ်
ရှုခြင်း၊ အိမ်ပိတ်မီတာများအား မှတ်ချက်ရယူခြင်းများကို
စနစ်တကျမှတ်တမ်းရယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ထို့သို့
လျှပ်စစ်မီတာများဖတ်ရှုရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မန္တလေး
လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်
ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်များအား
မီတာဖတ်ရှုခြင်းများအား အဖွဲ့ များဖွဲ့၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျော်စွာ(မြင်းခြံ)
0 comments:
Post a Comment