မင်းဘူး ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏
ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်ရန် သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားရှိလျက်ရှိပြီး ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့်
ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို (၈-၆-၂၀၂၀)ရက်နေ့မှစ၍ စတင်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လူစုလူဝေးများဖြင့် ဆောင်ရွက်ရသော ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း အသိပညာပေး သင်တန်းများနှင့် ယာဥ်မောင်းလိုင်စင်အသစ်ဖြေဆိုခြင်းများကိုတော့ ဆောင်
ရွက်ခွင့်မပြုသေးကြောင်း၊ မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဉီးစီးဌာနရုံးမှ သိရှိ ရသည်။
“ကျွန်တော်တို့ရုံးကို ၃၀-၃-၂၀၂၀ ရက် (တနင်္လာနေ့)မှစပြီး
ဝန်ဆောင်မှုလုပ်ငန်း များကို ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်၊ ကိုဗစ်-၁၉ ကာလမှာ ပြန်လည်ဖွင့်လှစ်နိုင်ရေး
သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ခရိုင်စစ်ရေးအဖွဲ့မှ
စစ်ဆေးမှုခံယူပြီး၊ ခွင့်ပြုချက်ရတာနဲ့ ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ရခြင်းဖြစ်ပါတယ်၊ ခေတ္တ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ ကနဉီးမှတ်ပုံတင်ယာဉ်များရဲ့
ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များအတွက် သက်တမ်းလွန်ဒဏ်ကြေး
များအပါအဝင် စတဲ့လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရေး တည်ဆဲ
ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ်ဖြေလျှော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊
ကိုဗစ်-၁၉ ကာလမတိုင်ခင် သက်တန်းလွန်ကိစ္စရပ်များအားလုံးကို ပုံမှန် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါတယ်”
ဟု မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဉီးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ
ဦးမြင့်မော်က ပြောပါသည်။
COVID-19
ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ
ရုံးဝင်ပေါက်မှစ၍ အပူချိန်တိုင်းတာခြင်း၊
နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များတွင် လက်ဆေးစေခြင်း၊ အဝင်စာရင်း
ကောက်ယူ ခြင်း၊ လုပ်ငန်းဆောင်ရွက်မည့်သူနှင့် ဆောင်ရွက်မည့်ယာဉ်များသာလျင် ရုံးအတွင်းသို့
ဝင်ရောက်ခွင်ပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ လုပ်ငန်းများဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို လိုက်နာဆောင်ရွက်နိုင်စေရန် စစ်ဆေးကြပ်မတ်
ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
လုပ်ငန်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ လူစုလူဝေးများဖြင့် ဆောင်ရွက်ရသော
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများနှင့် ယာဥ်မောင်းလိုင်စင်အသစ် ဖြေဆိုခြင်းများ၏ ပြန်လည်စတင်နိုင်မည့်ရက်ကိုလည်း ပြည်သူများထံ
ကြိုတင်အသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မောင်မောင်(မင်းဘူး)
0 comments:
Post a Comment