မကွေး ဇွန်လ ၁၇
မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်မှ တောင်သူပေါင်း ၂၁၈၀၀၀ ခန့်ကို မိုးသီးနှံစိုက်ပျိုးရေးချေးငွေ လျာထားချက် ကျပ်သန်းပေါင်း ၁၃၂၈၉၄ ဒသမ ၃၀ အား အတိုးနှုန်းလျော့ချ၍ ချေးပေးနေကြောင်း မြန်မာ့လယ်ယာမြေဖွံ့ဖြိုးရေးဘဏ်၊ မကွေးတိုင်းဒေသကြီးဘဏ်ခွဲ လက်ထောက်အထွေထွေ မန်နေဂျာ ဦးကျော်တင်ဦးက ပြောသည်။

၂၀၂၀ ပြည့်နှစ်မှ မေလ ၁၅
ရက်နေ့စတင်၍ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်မှ
ကျေးရွာအုပ်စုပေါင်း ၁၃၉၅ အုပ်စု၊ ဧကပေါင်း ၁၁၃၅၇၂၈ ဧကစာအတွက်
ပြည်ထောင်စုဘတ်ဂျက် လျာထားငွေ ကျပ်သန်းပေါင်း ၁၃၂၈၉၄ ဒသမ ၃၀ ကို
ကိုဗစ်ထိန်းချုပ်ရေးကာလ တောင်သူများ
အတိုးနှုန်းသက်သာစွာဖြင့်ရရှိခံစားနိုင်စေရန် ထုတ်ချေးပေးနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က အတိုးနှုန်း ရှစ်ရာနှုန်းဖြင့်
ချေးခဲ့ရာမှ ယခုနှစ် တွင် ငါးရာခိုင်နှုန်း ဖြင့်ချေးပေးနေကြောင်းသိရသည်။
တောင်သူဦးရေအနေနဲ့ကလည်း ပုံစံ (၇) လက်ဝယ်ရှိတဲ့ တောင်သူတေအားလုံးက မူသေချေးငွေ ယူကြတာဘဲ။ ဦးရေအနေနဲ့က အတိုးအလျော့က နည်းနည်းပဲ ရှိမယ်။ ပုံစံ (၇) အသစ်ရတဲ့ တောင်သူကလည်း ဒီတိုင်းထဲမှာ အများကြီးသိပ်မရှိဘူး။ အသစ်ရတဲ့ တောင်သူ နည်းနည်းတော့ တိုးလာနိုင်ပါတယ်။ "ဟု တိုင်းဒေသကြီး အထွေထွေ မန်နေဂျာ ဦးကျော်တင်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် ယခင်နှစ်က စိုက်ပျိုးရေးချေးငွေ ၉၆ ရာခိုင်နှုန်းအထိ တောင်သူများက ပေးဆပ်ပြီးကာ မြို့နယ် ၁၀ မြို့နယ်မှ တောင်သူအနည်းငယ် လေးရာခိုင်နှုန်း ကျန်ရှိပြီး မေလကုန်အထိ ကိုဗစ်နိုင်တီး ရောဂါကြောင့် ဖြေလျော့ထားကြောင်း သိရသည်။ သို့သော်လည်း ချေးငွေဟောင်း ပေးဆပ်ပြီးစီးသည့် တောင်သူများသာ အသစ်ချေးငွေ ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း ဇာမဏီ

0 comments:
Post a Comment