Wednesday, June 17, 2020

မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်း-ဇီးအိုင်ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ စိုက်ပျိုး



 မင်းဘူး         ဇွန်               ၁၈
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင် ကာကွယ်တောအတွင်း ကျေးရွာနေပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက ၃၀  စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

          “သစ်တောကြိုးဝိုင်းအနီးတဝိုက်မှာ နေထိုင်ကြတဲ့ ကျေးရွာနေပြည်သူများအတွက် ထင်း လောင်စာတွေရယ် လယ်ယာသုံးကိရိယာအနေနဲ့ဆိုရင် တိုင်၊ မျော စတာတွေကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ ၁/၂၀၂၀ ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ ကို ဒီကြိုးပြင်ကာကွယ်တောထဲမှာ စိုက်ပေးတာပါ။ ဒီဒေသက အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ ဖြစ်တာကြောင့် ရာသီဉတုဒဏ်ကိုခံနိုင်မဲ့ လသားရင့်အပင်တွေကို ရွေးချယ်ပြီးစိုက်ပျိုးရခြင်း        ဖြစ်ပါတယ်” ဟု မင်းဘူးမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင် က ပြောပါသည်။

          “အခုလိုလာရောက်စိုက်ပျိုးပေးတော့ တောင်ယာဝင်ချိန်ဆိုရင် လယ်ယာသုံးကိရိယာ တွေနဲ့ ထင်းတွေကိုလည်း ဒီကျေးရွာထင်းစိုက်ခင်းထဲကပဲ ရရှိတာလေ၊ နောက်ပြီး ကျွန်တော်တို့ ဒီနားက ကျေးရွာတွေက လျှပ်စစ်မီးမရရှိသေးတော့ ထင်းမီးကိုပဲ ဦးစားပေးသုံးစွဲနေရတာပါ” ဟု ဒေသခံတောင်သူ ဦးမန်းတင် က ပြောသည်။
          အဆိုပါ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာထင်းစိုက်ခင်းအဖြစ် ယူကလစ်အပင်ပေါင်း ၃၆၃၀၀ ကို သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။      
မောင်မောင် (မင်းဘူး)

0 comments:

Post a Comment