Wednesday, June 24, 2020

မင်းဘူးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးပေါ်သို့ သစ်ပင်ပြိုလဲကျမှုဖြစ်ပွား




မင်းဘူး          ဇွန်               ၂၃
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်းရှိ စိန်ပန်းပင်မှာ ယမန်နေ့ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးပေါ်သို့ သစ်ပင်ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

          ဖြစ်စဉ်မှာ မင်းဘူးမြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မင်းဘူး-စကု ကားလမ်းဘေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်းရှိ လုံးပတ် ၃ ပေ၊ အမြင့်ပေ ၃၀ ခန့်ရှိ စိန်ပန်းပင်မှာ အဆို့ပါ ရုံးဝန်းအတွင်းရှိ ရုံးအပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရှိရသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက မီးသတ်စက်ယာဉ်ဖြင့် သွားရောက်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ သစ်ပင်လဲကျမှုများတွင် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရှိရသည်။
မောင်မောင်(မင်းဘူး)

0 comments:

Post a Comment