မကွေး ဇွန်လ (၁၉)
မကွေးတိုင်းဒေသကြီးမကွေးမြို့တွင် လမ်း အသုံးပြုသူများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် မြို့ပတ်လမ်းတစ်လျှောက်ရှိ မဲထီးလမ်း၊ ပြည်တော်သာလမ်း၊ အ.ထ.က(၁) လမ်းဆုံတို့တွင် အချက်ပြမီးပွိုင့်များ တပ်ဆင်ဆောင်ရွက်နိုင်ရေး အတွက် ဇွန်လ (၁၉) ရက်နေ့က ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။
အဆိုပါ
ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ရာ တွင်မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး
အဖွဲ့ ညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊
မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
တိုင်းဒေသကြီးဦးစီးမှူးတို့မှ မြို့ပတ်လမ်း တစ်လျှောက် လမ်းဆုံများအား
ကွင်းဆင်းစစ်ဆေးခဲ့ပြီး မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့
အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများမှ
လိုက်ပါရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
သတင်း ဇာမဏီ
ဓာတ်ပုံ မကွေးမြို့နယ်စည်ပင်
သတင်း ဇာမဏီ
ဓာတ်ပုံ မကွေးမြို့နယ်စည်ပင်
0 comments:
Post a Comment