Friday, June 19, 2020

သူငယ်ချင်းအချင်းချင်း စနောက်နေမှုကို ရဲတပ်ဖွဲ့ဝင်(၁၀)ဦးခန့်က ဝင်ရောက်လာပြီး ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုဖြစ်ပွား

မကွေး ဇွန်လ ၁၇
ဇွန်လ(၁၄)ရက်နံနက်(၁)နာရီခန့်က မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ရွှေလမင်းထမင်းဆိုင်ရှေ့တွင် သူငယ်ချင်း အချင်းချင်း စနောက်နေမှုကို မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၁၀)ဦးခန့်က ဝင်ရောက်လာပြီး ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက် မှုဖြစ်ပွားခဲ့ကြောင်းရွှေလမင်းထမင်းဆိုင် ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးကပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဇွန်လ(၁၇) ရက်နေ့က ရွှေလမင်းထမင်းဆိုင်မှာ ဒေါ်နွယ်နွယ်ဖြိုးက သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်ခြင်းပြုလုပ်ခဲ့ သူများကို အရေးယူပေးရန်နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ်တို့ထံCCTV မှတ်တမ်း နှင့်တကွ တိုင်စာပေးပို့ထား ကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူထံသွားရောက်မေးမြန််ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါ။
သတင်း ဇာမဏီ
 

0 comments:

Post a Comment