မင်းဘူး ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊
သနပ်ပင်စုကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာမှ မိုးကြိုးပစ်ခံရသူ ဒဏ်ရာရလူနာအတွက်
ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ယမန်နေ့မွန်းလွဲပိုင်းက သွားရောက်၍ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုကျေးရွာအုပ်စု၊
ကျောင်းကုန်းကျေးရွာတွင် ဇွန်လ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးထိမှန်၍
ဝဲ/ယာခြေနှစ်ဖက် စက်ကွင်းမိကာ လှုပ်ရှားမရဖြစ်ခဲ့သော ဒဏ်ရာရလူနာ ဒေါ်ဉမ္မာအတွက် ထောက်ပံ့ငွေ(၅၀၀၀၀)ကျပ်ကို
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများ၊
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း
သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment