ညောင်ဦး ဇွန် ၄
နွေရာသီကာလ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီး မြို့နယ် ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေဂါလန်(၁၅၀၀)
ကို အလှူရှင်မိသားစု၏ လှူဒါန်းမှုဖြင့် ဇော် ပို့ဆောင်ရေး ရေသယ်ယာဉ်များဖြင့်
ကျေးရွာအရောက် ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရွာသစ်တောင်ကျေးရွာတွင် အိမ်ခြေ
(၁၆၇) အိမ်၊ လူဦးရေ ( ၇၂၈ ) ဦးခန့် ရှိပြီး ယခင်က သောက်သုံးရေအဖြစ်
ရွာရှိ လက်ဆွဲတွင်းမှ ရေကို အဓိကထား အားပြုသုံးစွဲကြောင်း၊ စက်ရေတွင်း ရှိသော်လည်း
၎င်းရေမှာ အနည်းငယ် ငံကြောင်း၊ ထမင်းချက်ပြုတ်ရာတွင် ဝါ ပြီး ကြာရှည်အထား မခံသဖြင့်
သုံးစွဲလို့ အဆင်မပြေကြောင်း၊ ယခုနှစ် နွေရာသီ ကာလသည် အပူချိန်မြှင့်မားပြီး မိုးရွာ
သွန်းမှုမရှိသဖြင့် ရေရှားပါးကြောင်း၊ ယခုလို ရေလာရောက်လှူဒါန်းပေးသည့်အတွက် များစွာကျေးဇူး
တင်ကြောင်း ရွာသစ်တောင် အုပ်ချုပ်ရေးမှူး ဦးလှမင်းနိုင်ဦးက
ပြောပြ၍ သိရသည်။
ထိုသို့ ကျေးရွာများအရောက် ရေလှူဒါန်းနိုင်ရန်အတွက်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် ဇနီး ဒေါ်နီလာဆွေ မိသားစု တို့က ငွေကျပ်
(၅) သောင်း လှူဒါန်းခဲ့ပြီး ဇော်ပို့ဆောင်ရေး ရေသယ်ယာဉ်များဖြင့် ကျေးရွာအရောက်
သောက်သုံးရေ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း ပုဂံလူငယ်ပရဟိတအဖွဲ့ဝင် ကိုဆော်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)
0 comments:
Post a Comment