Sunday, May 3, 2020

ကိုဗစ်ပိုးတွေ့လူနာ(၀၅၃) ဆေးရုံရောက်ပြီး နှစ်ကြိမ်ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှာ negative ရောဂါပိုးမတွေ့ရှိတဲ့အပြင် ကျန်းမာရေး ကောင်းမွန်တဲ့အတွက် ဆေးရုံကဆင်းခွင့်ပြု


မကွေး မေလ ၃ ရက်
မကွေးတိုင်း၊မြို့သစ်မြို့နယ်ကကိုဗစ်ပိုးတွေ့လူနာ အမှတ်(၀၅၃)ကို ဆေးရုံရောက်ပြီး နှစ်ကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှာ negativeရောဂါပိုးမတွေ့ရှိတဲ့အပြင် ကျန်းမာရေးကောင်းမွန်သဖြင့်မကွေးတိုင်းပြည်သူ့ ဆေးရုံကြီးကဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါလူနာကိုဆေးရုံတက်ကုသနေစဥ်အတွင်းဧပြီ(၂၆)ရက်ကပထမအကြိမ်ပြန်လည်ဓာတ်ခွဲ စစ်ဆေးရာတွင် negative အဖြေထွက်ခဲ့ပြီး ဒုတိအကြိမ်မေ(၁)ရက်နေ့ကစစ်ဆေးရာတွင်လည်းnegativeအဖြေထပ်ထွက်ခဲ့တဲ့အတွက်တာဝန်ရှိသူတွေကဆေးရုံကဆင်းခွင့်ပြုခဲ့တာ ဖြစ်ကြောင်းသိရသည်။
ကိုဗစ်ပိုးတွေ့လူနာကဆေးရုံမှာ(၁၉)ရက်ကြာဆေးကုသမှုခံယူခဲ့ပြီးကျန်းမာနေပြီဖြစ်တဲ့အတွက်ဆေးရုံကဆင်းခွင့်ပြုတာပါ မြို့သစ်မှာ fastility Quarantine ထားရှိသွားမယ်လို့ မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးကပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနက ၊ မကွေး တိုင်းရဲ့ ပထမဆုံးကိုဗစ်-၁၉ ပိုးတွေ့လူနာ
(၀၅၃)ကို မြို့သစ်မြို့နယ်မှာတွေ့ရှိထားကြောင်း ဧပြီလ ၁၃ရက်နေ့က ကြေငြာခဲ့ပြီးနောက်ပိုင်း အဲဒီလူနာကိုမကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာဆေးကုမှုပြုလုပ်ခဲ့တာဖြစ်သည်။
ဆေးရုံစတက်ကတည်းကတာဝန်ရှိဆရာ၊ဆရာမတွေကဂရုတစိုက်နဲ့
စောင့်ရှောက်မှုပေးထားပြီး
ပြီးရောဂါပိုးမရှိတဲ့အတွက်ဝမ်းသာမိကြောင်း
ဗစ်ပိုးတွေ့ရှိသူလူနာအမှတ်(၀၅၃)
ကိုသန်းထွန်းကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်လူနာမှာ မြို့သစ်မြို့ ၊ အထက(၁)Facality Quarantine မှ မကွေးတိုင်း ဆေးရုံ ငါးထပ်ဆောင်သို့ပြောင်းရွှေ့စောင့်ရှောက် ထားစဥ်ကတည်းက ကျန်းမာ ရေးကောင်းမွန် နေခဲ့ပြီး စောင့်ရှောက်ထားစဥ်အတွင်း သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့Vedio Call များခေါ်ကာ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောဆိုမှုများ လည်းရှိခဲ့တယ်လို့သိရသည်။
၎င်းနှင့်အတူ ထိုင်းနိုင်ငံ ၊ မြဝတီ ဝင်ပေါက်မှ ပြန်လာသူတွေကိုလည်း မြို့သစ်မြို့ ၊ အထက(၁) မှာ Facality Quarantineထားရှိကာနှာခေါင်း တို့ပတ် ၊ အာခေါင်တို့ပတ်များကို ကျန်းမာရေး ဝန်ကြီးဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး မတွေ့
ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနကသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment