မင်းဘူး မေ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊
စကုမြို့ရှိ ကန်ဦးသဘာဝ ဓမ္မရိပ်သာတွင် Facility Quarantine ၂၁
ရက်ဝင်ရောက်နေသူ (၅၃)ဦးကို နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများကို
စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စကုမြို့အုပ်ချုပ်
ရေးမှူးရုံးမှ သိရသည်။
“နယ်စပ်ဒေသများက ပြန်ရောက်လာသူများကို
ဒီရိပ်သာမှာ Quarantine ထားရှိဖို့ အတွက် ဆရာတော်ကြီး
ဦးဓမ္မသေန ထံခွင့်တောင်းပြီး ရိပ်သာအကျိုးဆောင်အဖွဲ့ဝင်များနဲ့
ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဧပြီလ ၂၆ ရက်နေ့စပြီး စတင်ထားရှိဆောင်ရွက်ခဲ့ပါတယ်၊
ဒီမာ ရှိတဲ့သူအားလုံးက စကုမြို့ပေါ်ရပ်ကွက်ရယ် ကျွဲတဲရွာနဲ့ ညောင်ကိုင်းရွာကသူများဖြစ်ပါတယ်၊
သူတို့က ပြည်တွင်းနယ်စပ်ဒေသမှာ သွားရောက်လုပ်ကိုင်သူတွေ အများဆုံးဖြစ်ပြီးတော့ ရန်ကုန်မြို့ကနေအလုပ်လုပ်ပြီး
ပြန်ရောက်လာသူက ၇ ဦးပါဝင်ပါတယ်၊ ကြီးကြပ်ရေးအဖွဲ့ အနေနဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
ရဲတပ်ဖွဲ့ဝင် ၂ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ၂ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၂ဦးတို့က ကျန်းမာရေး၊
တည်းခိုနေထိုင် စားသောက်ရေးနဲ့ အခြားလိုအပ်ချက် များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်၊
ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုနဲ့အညီ လိုက်နာဆောင်ရွက်ပြီးတော့ စကုမြို့မ မိခင်ကလေးကျန်းရေးဌာနနဲ့
ကျောက်စံကျေးလက် ကျန်းမားရေးဝန်ထမ်းများက တစ်နေ့ကို (၂)ကြိမ်နှုန်း ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေး လျက်ရှိပါတယ်” ဟု စကုမြို့အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောပါသည်။
ဆက်လက်၍ စကုမြို့အုပ်ချုပ်ရေးမှူးဦးကြည်မင်း၊
ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ညွန့်နှင့်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာအသိပညာ ပေးခြင်းများ
ဆောင်ရွက် ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ထံ နှာခေါင်းစည်း (Mask)များကို ဖြန်ဝေ ပေးခဲ့ကြသည်။ ထို့နောက် Quarantine ၂၁ရက်ပြည့်ပါက
ကျန်းမားရေးထောက်ခံချက်များနှင့် ပြန်လည်စေလွှတ်မည် ဖြစ်ပြီး အိမ်တွင် Home
Quarantine (၇)ရက်ထပ်မံ၍ ညွှန်ကြားချက်များအတိုင်း
လိုက်နာ နေထိုင် ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကန်ဦးသဘာဝ ဓမ္မရိပ်သာတွင်
ယခုလက်ရှိ ကျား(၃၀)ဦး၊ မ(၂၃)ဉီး၊ စုစုပေါင်း (၅၃)ဉီးရှိပြီး COVID-19ရောဂါ နှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးတစ်ယောက်မျှ
မရှိသေးပါ ကြောင်းနှင့် သတ်မှတ်ထားသည့် စည်ကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍
နေထိုင် လျက်ရှိကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment