မကွေး မေလ ၁၃ ရက်
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဧပြီလ(၉) ရက်နေ့မှ ၊မေလ(၁၂)ရက်နေ့ထိ လေပြင်း တိုက်ခက်မှုအကြိမ်ရေ(၆၇)ကြိမ်ဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်ခက်မှုကြောင့် ပြိုကျပျက်စီး လူနေအိမ်ခြေ(၈၈)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ(၂၂၆၉)လုံး ၊လူဦးရေ (၉၀၀၀)ကျော်ခန့် လေဘေးသင့်ခဲ့ပြီး လူ(၃) ဦးသေဆုံး (၃)ဦးဒဏ်ရာရကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှသိရသည်။

မေလ(၁၃) ရက်နေ့က မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန
မှတိုင်း ဦးစီးမှူး ဦးမြင့်စိုးကသတင်းထောက်များကိုယင်း
သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
"မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန အနေနဲ့ လေဘေးသင့်ပြည်သူတွေကို ပြိုကျပျက်စီးအိမ်တွေအတွက်(၁)သိန်းကျပ် ထောက်ပံ့ပေးတယ် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်တွေကို ပျက်စီးမှုအလိုက် ထောက်ပံ့ပေး တဲ့အပြင် လေဘေးသင့်ပြည်သူတစ်ဦးလျှင် (၇)ရက်စာ ဆန်ဖိုး (၂၁၀၀ )ကျပ်စီ ထောက်ပံ့ပေး ပေးပါတယ် ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှတိုင်း ဦးစီးမှူး ဦးမြင့်စိုးပြောသည်။
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန အနေနဲ့တစ်လအတွင်း လေဘေးသင့် ပြည်သူတွေကိုထောက်ပံ့ငွေကျပ်သိန်း(၁၀၁၅) သိန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:
Post a Comment