စလင်း၊
မေ ၆
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများကြီးကြပ်ရေး ကော်မတီမှ မြို့နယ်အခြေပြုပြေးဆွဲလျှက်ရှိသော ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်လိုင်းများမှ ယဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ် နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ သန်းဆုအောင်ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်ဂိတ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အခြေပြုခရီးသည်တင် မော်တော်ယာဉ်လိုင်းများဖြစ်သည့် သန်းဆုအောင်၊ ပွင့်သစ်နဒီ၊ ဆင်ဖြူကျွန်းစတား၊ မိုးသောက်ရောင်နီ မော်တော်ယာဉ်လိုင်းများမှ မော်တော်ယာဉ်(၅၃)စီးအတွက် တစ်စီးလျှင် ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ဒင်္ဂါးခေါက်ဆွဲခြောက်ထုတ် ၄ ထုတ်စီအား မြိုနယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီဥက္ကဌ ဉီးတင်မောင်ဆန်းနှင့် အတွင်းရေးမှူး ဉီးသူ့ထက် အောင်တို့မှ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများပြေးဆွဲခြင်းကို မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ် လိုင်းများကြီးကြပ်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ယခုလ(၁၅)ရက်နေ့အထိရပ်နားထားပြီး ယာဉ်ပြေးဆွဲမှု ရပ်နားထားသည့်ကာလအတွင်း ယဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၏စားဝတ်နေရေးအဆင်ပြေစေရန် အတွက်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပေးအပ်ရာတွင်လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း ဉီးသူ့ထက်အောင်မှ ပြောကြားသည်။
စိုးမိုးသူ(စလင်း)
0 comments:
Post a Comment