Friday, May 22, 2020

မကွေးမြို့ကားကြီးကွင်းအတွင်းကယာဥ်လိုင်းများကို တိုင်းအတွင်းပြေးဆွဲခွင့်ပြု

မကွေး မေလ ၁၅ ရက်
မကွေးမြို့ကားကြီးကွင်းအတွင်းကယာဥ်လိုင်းများကို တစ်ခြားတိုင်းဒေသကြီးပြည်နယ်သို့
ပြေးဆွဲခွင့်မပြုသေးသော်လည်း မကွေးတိုင်း ဒေသကြီးအတွင်းက မြို့နယ်(၂၅)မြို့နယ်ကို မေလ(၁၆)ရက်နေ့မှစတင်ကာပြေးဆွဲခွင့် ပြုမှာဖြစ်ကြောင်းပုဂ္ဂလိကပိုင်ယာဥ်လိုင်းများ ကြီးကြပ်ရေး ကော်မတီဥက္ကဌ ဦးမြင့်စိုးက ပြောသည်။


ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေး အတွက် မကွေးမြို့ကားကြီးကွင်းမှ ယာဥ်လိုင်းများကို ဧပြီလ(၁၀)ရက်နေ့က တိုင်းအတွင်း တိုင်းအပြင်ပြေးဆွဲနေတဲ့ ခရီးသယ်ယာဥ်လိုင်းတွေကို ယာယီပိတ်ခဲ့တာ ဖြစ်ကြောင်းသိရသည်။
"တိုင်းအတွင်းပြေးဆွဲမဲ့ယာဥ်လိုင်းတွေအနေနဲ့ နှစ်ယောက်ခုံတစ်ခုံ ကိုခရီးသယ်တစ်ယောက် သာတင်ရမှာဖြစ်ပြီး၊ ယာဥ်စီးခအနေနဲ့ ခရီးသယ်တစ်ဦး တစ်စခွဲ တိုးကောက်ခံမှာပါ ခရီးသယ်ရော ကားမောင်းတဲ့သူပါ Mask တက်ရမှာဖြစ်တယ်"လို့ ပုဂ္ဂလိကပိုင် ယာဥ်လိုင်းများ ကြီးကြပ်ရေး ကော်မတီဥက္ကဌ ဦးမြင့်စိုးက ပြောသည်။
ဒါ့အပြင် ယာဥ်ပေါ်မှာ ဟန်းဂျယ်များ အဖုံးအပိတ်ပါတဲ့ အမှိုက်ပုံးတွေကိုလည်းထား ရှိရမှာဖြစ်ကြောင်းသိရသည်။
အခြားတိုင်းဒေသကြီးပြည်နယ်တွေကို သွားရောက်ဖို့အခက်အခဲြဖစ်နေတဲ့ ဝန်ထမ်းတွေ စက်ရုံအလုပ်ရုံတွေကိုသွားရမဲ့ သူတွေအစုအဖွဲ့လိုက်သွားဖို့ရှိရင်လည်း သက်ဆိုင်ရာဌာနကိုတင်ပြပြီး လိုက်ပို့ပေး မှာဖြစ်ပါတယ် အပြန်ခရီး ခရီးသယ်တင် ဆောင်ခွင့် ပြုမှာမဟုတ်တဲ့အတွက် ခရီးသယ်တစ်ဦးကို အရင်စျေးထက် နှစ်စ တိုးကောက်မှာဖြစ်တယ် ဟု ပုဂ္ဂလိကပိုင် ယာဥ်လိုင်းများ ကြီးကြပ်ရေး ကော်မတီဥက္ကဌ ဦးမြင့်စိုးက ပြောသည်။
မကွေးကားကြီးကွင်းမှ မကွေးမြို့နယ် အခြေပြုပြေးဆွဲတဲ့ ယာဥ်လိုင်း(၃၈)လိုင်း၊ မကွေးတိုင်းအခြေပြုယာဥ်လိုင်း(၅၄)လိုင်း၊ တစ်ခြားတိုင်းဒေသကြီးပြည်နယ် အခြေပြု ယာဥ်လိုင်း(၄၁)လိုင်း စုစုပေါင်း (၁၃၃) လိုင်း ရှိကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment