Tuesday, May 5, 2020

ပွင့်ဖြူမြို့နယ်၌ ပြည်ပနိုင်ငံနှင့် အခြားမြို့များမှ ပြန်လည်ဝင်ရောက်လာသူများအား ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် စနစ်တကျ နေရာစီစဉ်ဆောင်ရွက်ထားရှိ




ပွင့်ဖြူ        ဧပြီ       
            မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ပနိုင်ငံများနှင့် အခြားမြို့များမှ ပြန်လည် ဝင်ရောက်လာသော နေရပ်ပြန်လာသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဉက္ကဌ ဦးထွန်းသိန်းအောင် ဦးဆောင်ကွပ်ကဲမှုဖြင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ မြို့မိမြို့ဖ များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က နေ့စဉ်စောင့်ကြပ်စစ်ဆေးပြီး  Home Quarantine နှင့် Facility Quarantine နေရာများ သီးခြားထားရှိပြီး စနစ်တကျ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

            ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဉက္ကဌ ဦးထွန်း သိန်းအောင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ နေရပ်ပြန်လာသူများ ရှိ/ မရှိ နေ့စဉ် စောင့်ကြပ်ပြီး နေရပ်ပြန်လာသူများရှိကြောင်း သတင်းရပါက ချက်ချင်းသွားရောက်၍ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/ မရှိ အပူချိန်တိုင်း ကိရိယာဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း သတ်မှတ်စောင့်ကြည့်ကာလ(၂၁)ရက်အတွင်း လိုက်နာရမည့်စည်းကမ်းချက် များနှင့် အညီ စနစ်တကျ နေထိုင်ရေး အပြင်သွားလာခြင်းများ မပြုလုပ်ရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်ထားရှိရေးတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြော၍ ကျန်းမာရေးအခြေအနေ ထူးခြားမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးမှုများ ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
            ပွင့်ဖြူမြို့နယ်၌ ပြည်ပနိုင်ငံများနှင့် အခြားမြို့များမှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်လာသူဦးရေမှာ ယနေ့ အထိ စုစုပေါင်း ၁၈၈၇ ဦး ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပြီး လက်ရှိတွင် Home Quarantine ဖြင့် (၂၁)ရက်ကြာ စောင့်ကြည့်ရသူဦးရေမှာ ၃၂ ဦး နှင့် Facility Quarantine ဖြင့် စောင့်ကြည့်ရသူဦးရေမှာ ၃၃၃ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် စောင့်ကြည့်နေရသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များ မြို့မိမြိုဖများနှင့် ပူးပေါင်း၍ တစ်နေ့လျှင် နှစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
            မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်ပနိုင်ငံများနှင့် အခြားမြို့များမှ ပြန်လည် ဝင်ရောက်လာသူများကို  Facility Quarantine အဖြစ် (၂၁)ရက် စောင့်ကြည့်စစ်ဆေးကုသနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်းနှင့် ပွင့်ဖြူမြို့(..က) ကျောင်းတွင် လူဦးရေ ၃၀၀ ကျော် ထားရှိနိုင်ရေး နေရာများ စီစဉ်ဆောင်ရွက်ထားရှိပြီး  ဖြစ်ကြောင်းနှင့် လိုအပ်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူဖြည့်ဆည်း၍ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ယခုလက်ရှိတွင် ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါနှင့် ပက်သက်ပြီး စိုးရိမ်ဖွယ်ရာ သံသယလူနာတစ်ဦးမျှ မရှိသေးကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံမှ သိရသည်။   ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment