Wednesday, May 6, 2020

ဝင်ငွေနည်းပါးသည့် အိမ်ထောင်စု (၅၀၀) အတွက် ဆန်၊ စားနပ်ရိက္ခာများနှင့် ငွေသား ထောက်ပံ့လှူဒါန်း




ညောင်ဦး       မေ                                 (27)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ မီးပုံးပျံကုမ္ပဏီများ၊ ဧည့်လမ်းညွှန်အသင်းများ၊ ညောင်ဦး သံတဲဟိုတယ်၊ ပုဂံပလတ်စတစ်အမှိုက်ကင်းစင်ရေးအဖွဲ့နှင့် အလှူရှင်များ ပူးပေါင်းကာ ယမန်နေ့က ပုဂံ ညောင်ဦးမြို့ရှိ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စု (၅၀၀) အတွက် ဆန်၊ စားနပ်ရိက္ခာများနှင့် ငွေကျပ်         ( ၃၀၀ဝိ/-) ကျပ်စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူရှင်များသည် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကာလအတွင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ညောင်ဦးမြို့ အမှတ်() () () ရပ်ကွက်များ၊ တောင်ဘီကျေးရွာ၊ ဧရာဇက်ဆိပ်နှင့် ပုဂံမြို့သစ်၊ မြင်းကပါရပ်တို့ရှိ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စု (၅၀၀)အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်() ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန် ()ပိသာ၊ ကြက်ဉ(၁၀)လုံး၊ ကုလားပဲ() ဘူးနှင့် ငွေကျပ် (၃၀၀ဝိ/-) ကျပ်စီ  ထောက်ပံ့လှူဒါန်း ပေးခဲ့ကြပါသည်။

ထိုသို့ လှူဒါန်းနိုင်ရန်အတွက် STT Balloonsမှ ဆန်အိတ်(၅၀) အိတ်၊ ဦးသန်းဌေး+ ဒေါ်မင်းမင်းလွင် မိသားစုမှ (၁၂) သိန်းကျပ်၊ Oriental Balloons မှ () သိန်းကျပ်၊ BOB မှ() သိန်းကျပ်၊ Golden Eagle မှ () သိန်းကျပ်၊ ဧည့်လမ်းညွှန်အသင်း(ပုဂံ)မှ () သိန်းကျပ်၊ ဧည့်လမ်းညွှန် အသင်း (ရန်ကုန်)မှ () သိန်းကျပ်၊ ဦးကျော်တင်+ဒေါ်ရွှေပိုင် မိသားစုမှ () သိန်းကျပ်၊ ညောင်ဦးသံတဲ ဟိုတယ်မှ () သောင်းကျပ်၊ ပုဂံပလတ်စတစ်အမှိုက်ကင်းစင်ရေးအဖွဲ့မှ () သိန်းကျပ် စုစုပေါင်း ငွေကျပ် (၃၂၅၀၀၀ဝိ/-) နှင့် ဆန်အိတ် (၅၀) အိတ်တို့ကို ပထမအကြိမ်အဖြစ် စုပေါင်းလှူဒါန်းခြင်း ဖြစ်ကြောင်း၊ အမှတ်() ရပ်ကွက်အတွက် လက်ဆေးကန်ပြုလုပ်ရန်လည်း ငွေကျပ်() သောင်း လှူဒါန်းခဲ့ကြောင်းနှင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများထဲမှ ကုန်တင်ကုန်ချလုပ်သားနှင့် အနှေးယာဉ်လုပ်သား မိသားစု များကို အဓိက ဦးစားပေးလှူဒါန်းခဲ့ကြောင်း ပုဂံပလတ်စတစ်အမှိုက်ကင်းစင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်ထံမှ သိရသည်။
   ကျော်မင်းဦး(ရေနံချောင်း)

0 comments:

Post a Comment