Thursday, May 21, 2020

တိုင်းအစိုးရအဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ ဆင်ဖြူ ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ တရားမဝင် အဝေးပြေးအစီအစဥ်ပြေးဆွဲသော ယာဥ်မောင်း ယာဥ်နောက်လိုက်တို့ကို ဥပဒေအရ ဆောင်ရွက် သွားဖို့စီစဥ်နေကြောင်းသိရ


မကွေး မေလ ၁၈ ရက်
တိုင်းအစိုးရအဖွဲ့မှခွင့်ပြုချက်မရှိဘဲမေလ(၁၆)
ရက်နေ့က ဆင်ဖြူကျွန်းမြို့နယ်မှရန်ကုန်မြို့ သို့ တရားမဝင် အဝေးပြေးအစီအစဥ် ပြေးဆွဲ သော မင်းလက်ဝါး မော်တော်ယာဥ်းလိုင်းမှ ယာဥ်မောင်း ဦးမျိုး(၄၀)နှစ် ၊ချောက်မြို့နယ် သံဘိုအုပ်စု ကန်ရေကြီးကျေးရွာနေသူ နှင့် ယာဥ်နောက်လိုက် ရဲမင်းထိုက်(၂၇)နှစ် မှော်ဘီ မြို့နယ် မြောင်းတကားကျေးရွာ ကျွဲကူး ကွက်သစ် တို့သည် 6p/2235 အုတ်ခဲရောင် Zhong Tong Bus အမျိုးအစား ယာဥ်အား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ၏ညွှန်ကြား ချက်အရ မြို့သစ် မြို့နယ်ရဲမှူး အောင်ကိုနိုင်နှင့် အဖွဲ့မှ မြို့သစ်မြို့နယ်လမ်းဆုံတွင် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ယာဥ်ပေါ်တွင် ခရီးသည် ကျား(၁၂)ဦး၊ မ(၁၈)ဦး၊ ကလေး ကျား(၂)ဦး ၊ပေါင်း(၃၂)၊ ဦးတို့အား တင်ဆောင်လျှက် ဆင်ဖြူကျွန်းမြို့နယ်မှ ရန်ကုန်သို့သွားရောက် မည်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် တားဆီး၍ မကွေးမြို့နယ်ဘက်သို့ ပြန်လည်ပို့
ဆောင်လာခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်ရဲမှူး မြင့်လွင်နှင့်အဖွဲ့မှ ဖိုလေး လုံးကျေးရွာအနီး၌ နေ့လည်(၁ နာရီ၁၅) အချိန် လွှဲပြောင်းလက်ခံပြီးယာဥ်နှင့် ယာဥ်ပေါ်ပါခရီး သည်များအား ခေါ်ဆောင်လာ ခဲ့ရာ မကွေးြမို့အဝေးပြေးကားကြီးကွင်းသို့ ရောက်ရှိပြီး မကွေးမြို့နယ်ကျန်းမာရေးဌာန မှ ကျန်းမာရေးမှူး ဦးဇော်ဇော်အောင်ဦးစီး လေးဦးအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး အဆိုပါအဖွဲ့အား မြို့နယ်ရဲမှူး ရဲမှူးမြင့်လွင်မှ မကွေးခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးမှူး ဦးစိုးနိုင်ထံ လွှဲပြောင်းဆောင်ရွက် ပြီး တိုင်းဒေသကြီး ပို့ဆောင်ဆက်သွယ်ရေး ဌာနမှ ဒုတိယညွှန်မှူး ဦးသိန်းဟန် နှင့် တာဝန် ရှိသူ များက ယာဥ်လိုင်း ပြေးဆွဲမှုများနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ ၏ ပြည်သူ့ထံပန်ကြားချက် များကျန်းမာရေး နှင့် ပတ်သက်၍ညွှန်ကြားချက်များ တိုင်းကျော် ခရီးသွားလာခွင့်များနှင့်ပါတ်သက်ဆောင်ရွက် ရမည့်အချက်များအား ချပြရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရီးသည်များအနက်မှ ရန်ကုန်မြို့ကုမ္ပဏီနှင့် စက်ရုံများတွင်အလုပ်လုပ်ကိုင်လျှက်ရှိသော ကျား(၂)ဦး မ(၁၀)ဦး စုစုပေါင်း(၁၂)ဦး၊တို့အား တိုင်းအစိုးရမှစီစဥ်ပေးသော ရွှေမန္တလေးကားဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ပြီး ကျန်ခရီးသည် ကျား(၁၀)ဦး၊ မ(၈)ဦး ၊ကလေး ကျား(၂)ဦး ၊ပေါင်း(၂၀) ဦးတို့ကို သန်းဆုအောင် အန်စာတုံးယာဥ် နှစ်စီးဖြင့် ဆင်ဖြူကျွန်းမြို့နယ်သို့ ပြန်လည်ပို့ ပေးခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဥ်နှင့်ပါတ်သက်၍တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ခွင့်ပြုချက်မရှိဘဲ ဆင်ဖြူကျွန်း မြို့နယ်မှ ရန်ကုန်မြို့သို့ တရားမဝင်အဝေးပြေး အစီအစဥ်ပြေးဆွဲသော မင်းလက်ဝါး မော်တော်ယာဥ်းလိုင်းမှ ယာဥ်မောင်း ဦးမျိုးနှင့် ယာဥ်နောက်လိုက် ရဲမင်းထိုက် တို့အား ဥပဒေအရဆောင်ရွက်သွားဖို့စီစဥ််နေကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment