Friday, May 22, 2020

မကွေးတိုင်းမှာဒုတိယမြောက် ကိုရိုနာဗိုင်းရ်စ် ပိုးတွေ့လူနာတွေ့ရှိ


မကွေး မေလ ၁၉ ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ(၁၉)ရက်နံနက်(၇)နာရီအချိန်က
ကိုဗစ်ဓာတ်ခွဲမှုအဖြေထုတ်ပြန်ရာမှာ မကွေးတိုင်းက တစ်ဦးပါရှိခဲ့သည်။

အဆိုပါရောဂါပိုးတွေ့လူနာကို မေလ(၁၉)ရက်နေ့နံနက်(၉)နာရီခွဲအချိန်မှာလူနာကို (Facility Quarantine)ထားရှိရာ မကွေးမြို့ပညာရေး ကောလိပ်ကနေမကွေးမြို့သင်ကြားရေးဆေးရုံကြီးအထူးသီးသန့်ဆောင်ကိုပို့ဆောင်ကုသထားကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူမှာတောင်တွင်းကြီးမြို့နယ်ကနေမလေးရှားနိုင်ငံကိုသွားရောက်အလုပ်၊လုပ်ကိုင်ခဲ့သူဖြစ်ပြီး မကွေးမြို့ပညာရေး ကောလိပ်မှာ (Facility Quarantine) နေနေသူ ဖြစ်ပါတယ်၊ပိုးတွေ့သူမှာရောဂါလက္ခဏာ ပြသတာမျိုး မရှိပဲကျန်းမာရေးမှာ ကောင်းမွန် မှုရှိတယ်လို့မကွေးတိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြော သည်။
ပိုးတွေ့လူနာမှာမေလ(၁၂)ရက်ကမကွေးမြို့ ပညာရေးကောလိပ်ကို facility Quarantine ဝင်ရောက်ခဲ့တဲ့မလေးရှားပြန်အသက်(၅၀)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနဲ့အတူ မလေးရှားမှပြန်လာသူ (၂၄)ဦးရှိကြောင်းသိရ သည်။
အဆိုပါ မလေးရှားပြန်(၂၄)ဦး၏ နှာခေါင်း တို့ပက် အာခေါင်တို့ပက်တို့ကို ဓာတ်ခွဲစစ်ဆေး ရာမှာ တစ်ဦးသာပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကျန်(၂၃) ဦးမှာ ပိုးမတွေ့ရှိကြောင်း မကွေးတိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြော သည်။
"ပိုးတွေ့ ရှိလူနာနဲ့ အတူ(Facility Quarantine) နေတဲ့သူတွေကို ဒုတိယအကြိမ်ပြန်စစ် မှာဖြစ်ပြီး ဒါ့အပြင်သူနဲ့အတူပါလာတဲ့ ကားဆရာနှစ်ယောက်ကိုQuarantine မှာခေါ်ထားပြီး နှာခေါင်းတို့ပက် အာခေါင်တို့ပက်တို့ကို စစ်ဆေးတာတွေ
သူ့ရဲ့မိသားစုကိုလည်း နှာခေါင်းတို့ပက် အာခေါင်တို့ပက်တို့ကို စစ်ဆေးတာတွေ ဆက်လက် ဆောင်ရွက်သွာမှာဖြစ်ပါတယ် ဟုမကွေးတိုင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။
မကွေးတိုင်း၊မြို့သစ်မြို့နယ်က ပထမ ကိုဗစ်ပိုး တွေ့လူနာ အမှတ်(၀၅၃)မှာ ဆေးရုံရောက်ပြီး နှစ်ကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှာ negative ပိုးမတွေ့ရှိတဲ့အပြင် ကျန်းမာ ရေးကောင်းမွန်သဖြင့် မေလ (၃)ရက်နေ့က မကွေးတိုင်းပြည်သူ့ဆေးရုံကနေဆင်းခွင့် ပြုခဲ့ပြီး မြို့သစ်မြို့ အထက (၁)မှာ Facality Quarantine (၇)ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်တဲ့အတွက် Home Quarantine နေနေတယ်လို့သိရပါတယ်။
သတင်း ဇာမဏီ

0 comments:

Post a Comment