Tuesday, May 5, 2020
သတင်းသမားတွေ သူ့အလုပ် သူလုပ်နိုင်ဖို့ အစိုးရတွေက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း
သတင်းသမားတွေ သူ့အလုပ် သူလုပ်နိုင်ဖို့ အစိုးရတွေက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း
=========================================================
မေလ ၃ ရက်နေ့ ကျရောက်သည့် ကမ်ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antnio Guterresက တိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အဆိုပါ တိုက်တွန်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံကိုသိပြီးမှ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတဲ့နေရာမှာ သတင်းထောက်တွေ၊ မီဒီယာသမားတွေဟာ အရေးပါပါတယ်။ COVID-19 ကပ်ရောဂါကို ကမ်ဘာက ရင်ဆိုင်တွန်းလှန်နေရတဲ့အချိန်မှာ အဲဒီဆုံးဖြတ်ချက်တွေဟာ သေရေးရှင်ရေးဖြစ်နိုင်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ အဲဒီရောဂါအလွန်မှာ သတင်းထောက်တွေဟာ သူတို့အလုပ်ကို သူတို့လုပ်နိုင်အောင် အာမခံချက်ပေးဖို့ အစိုးရနဲ့အခြားသူတွေကို ကမ်ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကျနော်တိုက်တွန်းလိုက်ပါတယ်။
ကပ်ရောဂါကူးစက်ပျံ့နှံ့လာသလို တစ်ဖက်မှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေး အကြံပြုချက်တွေကနေ လျှို့၀ှက်ပူးပေါင်းကြံစည်မှု ဆိုတဲ့ သီအိုရီတွေအထိ သတင်းအမှားတွေဟာ ဒုတိယကပ်ရောဂါလို ကူးစက်များပြားနေပါတယ်။ သတင်းမီဓီယာတွေဟာ တိုက်ဆိုင်စစ်ဆေးထားတဲ့ သိပ္ပံနည်းကျတဲ့ အချက်အလက်ကို အခြေခံတဲ့ သတင်းတွေနဲ့ လေ့လာ ဆန်းစစ်မှုတွေ ဆိုတဲ့ ဖြေဆေးကို ပေးပါတယ်။
ဒါပေမယ့် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက သတင်းသမားတော်တော်များများဟာ သူတို့အလုပ်ကို သူတို့လုပ်ရုံအတွက် ကန့်သတ်ချုပ်ခြယ်မှုတွေ၊ အပြစ်ပေးမှုတွေနဲ့ ပိုပြီး ကြုံတွေ့နေရပါတယ်။ လြတ္လပ္စြာ သြားလာ လှုပ်ရှားခွင့်အပေါ် ယာယီကန့်သတ်မှုတွေ လုပ္တာဟာ COVID-19 ကပ်ရောဂါကို အနိုင်ယူဖို့အတွက် အရေးကြီးပါတယ်။
ဒါပေမယ့် သတင်းထောက်တွေ သူတို့ အလုပ် သူတို့ လုပ်နိုင်ခွင့်ကို နှိမ်နင်းဖို့ ဆင်ခြေတစ်ခုအနေနဲ့ အလြဲသုံးစား မလုပ်သင့်ပါဘူး ။
အချက်အလက်တွေနဲ့ လေ့လာဆန်းစစ်မှုတွေကို ပေးတဲ့အတွက် ကဏ္႑တိုင်းမှာ ခေါင်းဆောင်တွေကို တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိစေတဲ့အတွက် လုပ်ပိုင်ခွင့်အာဏာရှိသူတွေဆီ အမှန်တရားတွေ ပြောပေးတဲ့အတွက် ဒီနေ့မှာ မီဒီယာတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
အထူးသဖြင့် ပြည်သူ့ကျန်းမာရေးအတွက် သတင်းရေးသားပြီး လူတွေရဲ့ အသက်ကို ကူညီကယ်ဆယ်ပေးနေတဲ့ အခန်းကဏ္႑မှာရှိသူတွေကို အသိအမှတ်ပြုပါတယ်။ အားလုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေး တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေအတွက် အရေးကြီးတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ခိုင်မာအားကောင်းစေဖို့နဲ့ မီဒီယာသမားတွေကို အကာအကွယ်ပေးဖို့ အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။"
Video Credit - UN
Zg
=========================================================
အချက်အလက်တွေနဲ့ လေ့လာဆန်းစစ်မှုတွေကို ပေးတဲ့အတွက် ကဏ်ဏ္ဍတိုငျးမှာ ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေတဲ့အတွက် လုပ်ပိုင်ခွင့်အာဏာရှိသူတွေဆီ အမှန်တရားတွေ ပြောပေးတဲ့အတွက် ဒီနေ့မှာ မီဒီယာတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
Video Credit - UN
0 comments:
Post a Comment