မြင်းခြံ မေ ၃
မြင်းခြံမြို့ အမှတ်
(၁၈) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ် လက်စားအိမ်ထောင်စုများသို့ကိုအောင်အောင်နှင့်သူငယ်ချင်းများကစားသောက်ကုန်ပစ္စည်းများ
ထောက်ပံ့လှူဒါန်းခြင်းကို Corona Save Together (CST) ပရဟိတအဖွဲ့မှကူညီပြီး မေလ ၂
ရက် ညနေ ၅ နာရီ အချိန်က လိုက်လံပေးဝေခဲ့ကြောင်း သိရှိရသည်။
မြင်းခြံမြို့
ကိုအောင်အောင်နှင့် သူငယ်ချင်းများက COVID-19 ရောဂါကြိုတင်
ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် အခြေခံလူတန်းစား လက်လုပ်လက်စားများအနေဖြင့်
စားဝတ်နေရေး အခက်အခဲမရှိ အဆင်ပြေစေရန်အတွက် စုပေါင်းလှူဒါန်းသော စားသောက်ကုန်
ပစ္စည်းများကို အမှတ် ၁၈ ရပ်ကွက်အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စု ၁၂၀ အတွက်
အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ငါးသေတ္တာ ၁ ဘူး၊ ဆား ၅၀
ကျပ်သား၊ ကုလားပဲ ၁ ဘူး၊ ကြက်ဥ ၅ လုံး၊ ဟင်းချိုမှုန့် ၁ ထုပ်၊ Mask ၁ ခု
စုစုပေါင်း ပစ္စည်း ၈ မျိုးအား Corona Save Together (CST) ပရဟိတအဖွဲ့မှ
အိမ်အရောက်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
Corona Save
Together (CST) ပရဟိတအဖွဲ့သည် မြင်းခြံမြို့အတွင်း နေထိုင်သူ များ
အိမ်အပြင်မထွက်စေဘဲ ဈေးများတွင် လူစုလူဝေးဖြစ်ပွားမှုကို လျော့ချစေရန် ရည်ရွယ်၍ ဈေးဝယ်ခြင်းအထောက်အကူပြုစေရန်အတွက်
ဝန်ဆောင်မှု အခမဲ့ ဖြင့် ပြည်သူများမှာယူသည့် ပစ္စည်းများကိုလည်း
အိမ်အရောက်လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော်စွာ(IPRD)
0 comments:
Post a Comment