Thursday, May 21, 2020

ကံမမြို့တွင် အိမ်ဆောက်ပစ္စည်းနှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်မှ စတင်မီးလောင်ရာမှ လူနေအိမ်(၆)လုံးမီးလောင်ဆုံးရှုံး


ကံမ မေလ ၁၈ ရက်
ကံမမြို့တွင် အမှတ်(၃)ရပ်ကွက် ဥယာဥ်တိုင် ရပ်မှာ မေလ(၁၈)ရက်နေ့ နံနက်(၁၀ နာရီ၃၅) အချိန် တွင်အိမ်ဆောက် ပစ္စည်း နှင့်လူသုံးကုန် ပစ္စည်းအရောင်းဆိုင်မှ စတင်မီးလောင်ရာမှ လူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား ကြောင်း ကံမမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ထံမှသိရသည်။
အဆိုပါမီးလောင်မှုကိုကံမ၊သရက်၊မင်းတုန်း မြို့နယ်များမှမီးသတ်တပ်ဖွဲ့ဝင်များနှင့်မီးသတ်ကားများ ပြည်ပရဟိတအဖွဲ့များနှင့် ဒေသခံ ပြည်သူများဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့်
နေ့လည်(၁၂ နာရီ)အချိန်ခန့်မှာမီးငြိမ်းသတ်နိုင် ခဲ့ကြောင်း ကံမမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကပြောသည်။
"မီးဘယ်ကစလောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး တာဝန်ရှိတဲ့သူတွေစစ်ဆေး နေဆဲဖြစ်ပါတယ်။ မီးလောင်ဆုံးရှုံးမှုလည်း မသိရသေးပါဘူး မီးလောင်မှုကြောင့်တော့ ဆုံးရှုံးမှုများနိုင်ပါတယ် ဘာကြောင့်လည်းဆို တော့မီးစလောင်တဲ့အိမ်ကကို အိမ်ဆောက် ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းအရောင်းဆိုင် ကစလောင်တာပါ ဟု ၎င်းကပြောသည်။
မီးလောင်မှုကြောင့် မိုဘိုင်ဖုန်းအရောင်းဆိုင်၊ အိမ်ဆောက်ပစ္စည်းနဲ့လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ဆေးဆိုင် ကုန်မာဆိုင်သုံးဆိုင်နှင့် အခြားအိမ်သုံးအိမ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းအရသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment