မင်းဘူး မေ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ
ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်
အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှင့် ဦးစိုးပိုင် + ဒေါ်ခင်မြတ်ဆွေ (Paing Family International Co.Ltd) မိသားစုတို့မှ ဆေးရုံသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုများကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တစ် ကိုယ်ရေကာကွယ်ရေးဝတ်စုံ
အစုံ ၆၀ ၊ အပူချိန်တိုင်းကိရိယာ ၁ ခု၊
glasses (Soft) မျက်မှန် ၃၅ ခု၊ N95 နှာခေါင်းစည်း (Mask) အခု ၂၀ ၊
ခွဲစိတ်ခန်းသုံးနှင့် ဆေးရုံးသုံး နှားခေါင်းစည်း (Mask) အခု ၂၂၀
၊ ဆေးရုံးသုံးခြေအိတ် ၃၆ စုံ၊ Hand Gel ၁၀ ဗူး၊ ကုလားပဲအခြမ်း တစ်ကီလို ၁၅ ထုပ်နှင့်
ပဲစဉ်းငုံအခြမ်း တစ်ကီလို ၁၅ ထုပ် တို့ကိုလည်းကောင်း၊ ဦးစိုးပိုင်
+ ဒေါ်ခင်မြတ်ဆွေ
(Paing Family International Co.Ltd) မိသားစုတို့မှ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ
အစုံ ၂၀၊ မျက်မှန်အခု ၂၀ ၊
N95 နှာခေါင်းစည်း
(Mask) အခု ၃၀၊ နှာခေါင်းစည်း (Mask) အခု ၅၀၀
၊ လက်အိတ် အစုံ ၅၀၀ ၊ ခေါင်းစွတ်အခု ၂၀ ၊
ဆေးရုံးသုံး ခြေအိတ် ၁၀ စုံ နှင့် Hand Gel ၂ ဗူး
တို့ကိုလည်းကောင်း လာရောက်လှူဒါန်း ခဲ့ကြပြီး တာဝန်ရှိသူများက
လက်ခံရယူကြသည်။ ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြု
မှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်
အသုံး ပြုရန်အတွက် လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို လိုအပ်သော ကုသရေးဌာနများသို့
ဆက်လက်ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါအလှူရှင်များမှ လှူဒါန်းမှု အားလုံးသည် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၆)သိန်းခန့် ရှိကြောင်း မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး
ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)
0 comments:
Post a Comment