Friday, May 22, 2020

ရေနံချောင်းမြို့တွင်နေအိမ်တဲပေါ်ညောင်ကိုင်းကျိုးကျရာမှအသက်၈၀အဘွားတစ်ဦးသေဆုံး

ရေနံချောင်း မေလ ၁၇
ရေနံချောင်းမြို့၊သစ်တစ်ပွေရပ်ကွက်၊မကျည်း တောရပ်တွင်မေလ(၁၆)ရက်နေ့ည(၉)နာရီအချိန်ခန့်ကနေအိမ်တဲပေါ်ညောင်ကိုင်းကျိုးကျပြီး အသက်(၈၀)အဘွားတစ်ဦး သေဆုံး သွားကြောင်းအဆိုပါရပ်ကွက်မှာရာအိမ်မှူး ထံမှသိရသည်။
"ညောင်ကိုင်းကျိုးမကျခင်အဘွားကအနင်းခံနေတာပေါ့၊သူ့မြေးကနင်းပေးနေတာ၊သူ့မြေးကတော့ဘာမှမဖြစ်ဘူး၊သူကအသက် ကြီးတော့သစ်ကိုင်းကအမိုးကိုရိုက်လိုက်တဲ့အရှိန်နဲ့လဲကျပြီးမထနိုင်ဘူး၊ဆေးရုံကိုပို့တယ်၊မနက်(၄)နာရီလောက်မှာဆုံးသွားတာဟု
ရာအိမ်မှူးဦးကိုလေးကပြောသည်။
အဆိုပါညောင်ပင်သည်နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်ကြောင်းဒေသခံများထံမှသိရကာပြီးခဲ့သည့်နှစ်ကတောင်ဘက်အခြမ်းမှညောင်ကိုင်းများကျိုးကျခဲ့ကြောင်းသိရသည်။
ယခုနှစ်တွင်မြောက်ဘက်ခြမ်းရှိညောင်ကိုင်းများကျိုးကျခြင်းဖြစ်ကြောင်းသိရသည်။
သတင်း ဇာမဏီ
ဓာတ်ပုံ အောင်ကျော်ဦး

0 comments:

Post a Comment