ညောင်ဦး မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်/
မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များသည်
ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ မိဘပြည်သူများ အား ကိုယ်တိုင်ချုပ်
နှာခေါင်းစည်းများ၊ ချုပ်လုပ်ရန် ပိတ်စများ၊ hand gel ဘူး
(ကြီး/သေး) များ အိမ်အရောက်
ထောက်ပံ့ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
အဆိုပါ အမျိုးသမီးရေးရာအဖွဲ့များသည် ညောင်ဦးမြို့
အနောက်ဖွားစောကျေးရွာရှိ ဝင်ငွေနည်း မိသားစု (၁၀)
စုအတွက် မိသားစု တစ်စုလျှင် တစ်ခါသုံး နှာခေါင်းစည်း(၁၀) ခု၊ ကိုယ်တိုင်ချုပ် နှာခေါင်း စည်း(၅) ခု၊ hand gel ဘူးကြီး
(၂) ဘူး နှင့် အရှေ့ဖွားစောကျေးရွာရှိ သက်ကြီးအဖွား
(၁၀) ဦးအတွက် တစ်ခါသုံး နှာခေါင်းစည်း၊ ကိုယ်တိုင်ချုပ်
နှာခေါင်းစည်း၊ hand gel ဘူးသေး စသည့်တို့အား (၁) ခုစီ ထောက်ပံ့ပေးပြီး ဂါရဝပြုကြသည်။
ထို့ပြင် ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့်တကွ
ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ
ဆေးကြောရန်၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပေးပြောကြားပြီး ကျေးရွာအတွင်း လူဝင်လူထွက်များသည့် ဓမ္မာရုံ၊
စာသင်ကျောင်းများနှင့် အများမြင်သာသည့်နေရာများတွင် အသိပညာပေး ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ယုယုလှိုင်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)
0 comments:
Post a Comment