Friday, April 3, 2020

ပြည်တွင်းကအလုပ်လုပ်ပြီး ပြန်လာသူတွေကို Quarantine လုပ်မှာမဟုတ်ဘူးလို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြောကြား

https://youtu.be/A0TRvVnb9UU
ပြည်တွင်းကအလုပ်လုပ်ပြီး ပြန်လာသူတွေကို Quarantine လုပ်မှာမဟုတ်ဘူးလို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြောကြား

မကွေး ဧပြီလ ၃ရက်
နိုင်ငံရပ်ခြား ပြည်ပကပြန်လာသူတွေကိုသာ Facility Quarantine လုပ်မှာဖြစ်ပြီး ပြည်တွင်းက အလုပ်လုပ်ပြီးပြန်လာသူတွေကို Quarantine လုပ်မှာမဟုတ်ဘူး ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကပြောသည်။

ဧပြီလ(၃)ရက်နေ့ကမကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမမှာပြုလုပ်သည့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံသို့ အလှူရှင်များက Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ ရန်ပုံငွေ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲမှာပြောကြားခဲ့ခြင်းဖြစ်သည်။
"Quarantine လုပ်ဖို့က ပြည်တွင်းက အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေမဆိုင်ဘူး ပြည်ပက မလေးရှား ယိုးတယား တရုတ် ပြည်ပနိုင်ငံကပြန်လာသူတွေဘဲ Quarantine လုပ်မှာ မန္တလေး မြစ်ကြီးနား ဖားကန် သွားလုပ်တဲ့သူတွေကို Quarantine လုပ်ခိုင်းရင် ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး ပြည်တော်ပြန်ဘဲ Quarantine လုပ်မယ် ပြည်တွင်းကပြန်လာတဲ့သူ Quarantineမလုပ်ဖူး" ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ကပြောသည်။
ပြည်တွင်းကပြန်လာသူတွေကို Quarantine ထားဖို့ ညွှန်ကြားထားတာတွေမရှိသော်လည်း ကျေးရွာတွေမှာ ပြည်တွင်းက အလုပ်လုပ်ပြီး ပြန်လာသူတွေကို Quarantine ထားရှိဆောင်ရွက် နေကြောင်း ကြားသိရကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးကပြောသည်။
ကျေးရွာတွေမှာ ပြည်ပပြန်လာသူတွေတင် မဟုတ်ဘဲ ပြည်တွင်းအခြားတိုင်းဒေသကြီး မြို့နယ်တွေက ပြန်လာ သူတွေကောFacility Quarantine ထားဖို့လုပ်ဆောင်နေတာ တွေကြားသိနေရပါတယ်။ ကျွန်တော်တို့ တရားဝင် ညွှန်ကြားချက်ကတော့ ကိုယ့်တိုင်းပြည်အတွင်းမြို့ရွာများကပြန်လာ
တဲ့ပြည်သူများကို ကိုယ့်ရပ်ရွာများ အတွင်း ပြန်လာသူတွေကို Quarantine လုပ်ဖို့ညွှန်ကြား ထားတာမရှိပါဘူး ဟု မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးကပြောသည်။
မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ထံသို့ အလှူရှင်များက Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ ရန်ပုံငွေ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ အလှူရှင်များ ပရဟိတအဖွဲ့များ NGO အဖွဲ့များတက်ရောက် ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ဓာတ်ခွဲစစ်ဆေးသူ
လူနာ(၄၀)ဦးရှိခဲ့ရာမှ (၃၉)ဦး၏ စစ်ဆေးချက် အဖြေမှာ မတွေ့ရှိကြောင်း ကျန်တစ်ဦးမှာ စစ်ဆေးရန် ယနေ့မှပို့ရမည် ဖြစ်ကြောင်းသိရသည်။
သတင်း ဇာမဏီ

0 comments:

Post a Comment