ညောင်ဦး ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင်
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ ရေးနှင့်
လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်အတွင်းရှိ ထီဆိုင်များအား ၎င်းတို့၏ နေအိမ်
တွင်သော်လည်းကောင်း၊ Mobile စနစ်ဖြင့် လှည့်လည်၍သော်လည်းကောင်း
ရောင်းချခွင့် ပြုကြောင်း သိရသည်။
ညောင်ဦးမြို့ရှိ ထီဆိုင်ပိုင်ရှင်များသည်
ယခင်က မဏိစည်သူဈေးတိုက်ခန်းနှင့် ဘုန်းစဉ်ဈေး တိုက်ခန်းများတွင် ထီဆိုင်များဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြောင့် ဈေးများခေတ္တပိတ်ထားသဖြင့် ရောင်းချခွင့်မရရှိဘဲ
ထီဆိုင်ပိုင်ရှင်တစ်ဦးလျှင် သိန်း (၂၀၀) မှ သိန်း(၄၀၀) အထိ ဆုံးရှုံးနစ်နာမှု
ဖြစ်ပေါ်မည်ဖြစ်ပြီး အနီးပတ်ဝန်းကျင်မြို့များဖြစ်သော ပခုက္ကူ၊ ချောက်၊ ကျောက်ပန်းတောင်းနှင့်
မိတ္ထလာမြို့များတွင် ဖွင့်လှစ်ရောင်းချခွင့် ပေးထားသဖြင့် ညောင်ဦးမြို့တွင် လည်း ရောင်းချခွင့်ပြုပေးစေလိုကြောင်း
ထီဆိုင်ပိုင်ရှင်အများစုမှ တင်ပြလာသဖြင့် ပြည်သူများနစ်နာမှု မရှိစေရေး မြို့နယ်အဆင့်
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း
အစည်းအဝေး ဆုံးဖြတ်ချက်အရ နေအိမ်တွင်လည်းကောင်း၊ Mobile စနစ်ဖြင့်
လှည့်လည်ရောင်းချ၍ သော်လည်းကောင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြင့်ထွန်းထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)
0 comments:
Post a Comment