Monday, April 27, 2020

ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်များ ပူးပေါင်း၍ နှာခေါင်းစည်း(mask) များ ၊ လက်အိတ် များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်




ညောင်ဦး       ဧပြီ       ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်များ  ပူးပေါင်း၍ ယနေ့ နံနက် ၇ : ၀၀ နာရီအချိန်က ညောင်ဦးမြို့ ယာယီဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကူးစက်ပြန့်ပွားမှု မရှိစေရေး နှာခေါင်းစည်း(mask) များ ၊ လက်အိတ်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်များနှင့် အတူ အမှတ်() ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး  ပုဂံဒေသန္တရကျန်းမာရေးဌာန ဒေါက်တာ စိုးမိုးဇော် ကလည်း လိုအပ်သော ဆေးဝါး() မျိုးနှင့် ဓာတ်ဆားများ လှှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုပြင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများမှ အကူအညီတောင်းခံမှုအပေါ်မူတည်၍ လိုအပ်သည့်နေရာများတွင် ပါဝင်ကူညီ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ညောင်ဦးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရုံးအဖွဲ့တာဝန်ခံ ဦးချစ်မင်းက ပြောပြ၍ သိရသည်။

   ကျော်မင်းဦး(ရေနံချောင်း)

0 comments:

Post a Comment