မင်းဘူး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊
မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် Covid-19 ရောဂါကြိုတင်
ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မိဘပြည်သူများထံ နှာခေါင်းစည်း
(Mask)များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က
မင်းဘူးမြို့၊ မြောက်လှည်းကောက် အဝိုင်းပတ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
“Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနဲ့
ပတ်သက်ပြီးတော့ Hand Spaker တွေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
အချိန်နဲ့တပြေးညီ ထုတ်ပြန်လျက်ရှိတဲ့ ညွှန်ကြားချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က
ထုတ်ပြန်ထားတဲ့ ကြေညာချက်များနဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလိုက်နာကြဖို့၊
အသိပညာပေးခြင်းနဲ့ နှာခေါင်းစည်း
(Mask)တွေကို မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ပြောပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဉီးဝင်းဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
များဖြစ်ကြသည့် ဦးကျော်စွမ်းရည်နှင့် ဦးကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်း၊ မြို့နယ်ရဲမှူး ယာယီရဲမှူး အောင်ကြည်မြင့်၊
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးဝင်းနိုင်၊ မြို့နယ် မီးသတ်ဉီးစီးမှူး
ဉီးစိန်ထွန်း၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်ဇော်၊ ယာဉ်ထိန်းရဲတပ်စုမှူး ဒုရဲမှူး မောင်မောင်သန်း၊
ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မီးသတ်တပ်အဖွဲ့ဝင်
စုစုပေါင်းအင်းအား ၅၀ ဦး ခန့်က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက စကုမြို့ဝင်နာရီစင်ရှေ့တွင်
မင်းဘူး-စကု ကားလမ်း တစ်လျောက် သွားလာလျက်ရှိသော မိဘပြည်သူများထံ
သွားရောက်၍ နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
မောင်မောင် (မင်းဘူး)
0 comments:
Post a Comment