Monday, April 27, 2020

မင်းဘူး(စကု)မြို့နယ်အတွင်းသို့ တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသပြန်များအား Facility Quarantine စနစ်တကျထားရှိနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်




မင်းဘူး          ဧပြီ               ၂၇
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းသို့ တရုတ်နိုင်ငံနှင့်နယ်စပ်ဒေသ များမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quarantine စနစ်တကျ ထားရှိ နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးမှု သွားရောက်ပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။ 

          ထိုသို့ Facility Quarantine စနစ်တကျထားရှိနိုင်ရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဉီးဝင်းဝင်းနှင့် တာဝန်ရှိများသည် ကံသာအုပ်စု၊ ကျွဲတဲနှင့် ညောင်ကိုင်း ကျေး ရွာများသို့ သွားရောက်ခဲ့ပြီး ကျွဲတဲကျေးရွာတွင် စေတနာ့ဝန်ထမ်း (ပရဟိတ) အဖွဲ့သို့ နှာခေါင်းစည်း(Surgical Mask) အခု ၆၀၊ ရွာသာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ဆောင်ရွက်နေသော လူငယ်များအဖွဲ့အား နှာခေါင်းစည်း(Surgical Mask) ၄၀ နှင့် အဝတ် (Mask)၁၀ ခုတို့ကို အလှူရှင်များကိုယ်စား ပေးအပ်ခဲ့ကြောင်း သိရသည်။

          ဆက်လက်ပြီး  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများသည် ညောင်း ကိုင်းကျေးရွာရှိ သံဃနာယကဉက္ကဌ သီရီမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံ သွားရောက်ဖူးမြော်ပြီး နေရပ်ပြန်များအား ဂရုဏာမေတ္တာကြီးမားစွာဖြင့် လက်ခံပေးပါသော ဆရာတော်အား တွေ့ဆုံညှိနှိုင်း၍ ကျေးရွာသူရွာသားများအား စိတ်အေးချမ်းသာစွာ နေနိုင်ရေးအတွက် ရည်သန်အကျိုးမြော်ကာ နေရပ်ပြန်များအား သင့်တော်သည့်နေရာသို့ ပြောင်းရွေ့ချထားခွင့်ပြုပါရန် ဆရာတော်အား လျှောက်ထားခဲ့ကြောင်း သိရှိရသည်။ 
အဆိုပါ ထပ်မံပြန်လည် ဝင်ရောက်လာမည့်သူများအား Facility Quarantine စနစ် တကျ ထားရှိနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ငွေ၊ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူးဉီးသိန်းဇော်ကံ၊ စကုမြို့အုပ်ချုပ်ရေးမှူး ဉီးကြည်မင်းနှင့် တာဝန်ရှိသူများသွားရောက် ကွင်းဆင်းကြည့်ရှု ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။                                       ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment